တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးသယ်ဆောင်သူများအား ဖမ်းဆီးရမိ

မတ်လ ၅ရက်နေ့ နေ့လည်၂နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရပ်ကွက်၊ မြို့ဟောင်းဘူတာ၌ တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးများ သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် အမှတ်(၃၈)မန္တလေး-မြစ်ကြီးနား အစုန်လူစီးရထားပေါ်မှ ကျောက်စိမ်းဟ...ုယူဆ ရသောအထုပ်များ ပစ်ချကာ ဘူတာမြောက်ဘက်သံလမ်းအနီးတွင်ရပ်ထားသော ၈စ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်ပေါ်သို့တင်ဆောင်၍ ထွက်ခွာရန်ပြုလုပ်နေစဉ် တွေ့ရှိစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းနှင်သူ မဟာအောင်မြေမြို့နယ်၊ ပန်းတိမ်ဝင်းနေ အိုက်တူး (၄၈)နှစ်နှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၃၀x၃၁ လမ်းကြားနေ ဝေဇင်ကို(၂၆)နှစ်၊ မဟာအောင်မြေမြို့နယ်၊ ပန်းတိမ်ဝင်းနေ မသက်ထားဦး(ခ) မသက်(၄၃)နှစ်တို့ ၃ ဦးအား ပီနံအိတ်(၄၃)လုံးဖြင့်ထည့်ထားသော ကျောက်စိမ်းတုံးဆိုဒ်စုံ ၄၄၅ တုံး၊ အလေးချိန် (၂၇၉၇) ကီလိုဂရမ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား မန္တလေးအမှတ်(၁၁)ရဲစခန်း(ပ) ၁၆၄/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


မိုးစက်

0 မှတ်ချက်များ: