မတ်လ ၅ ရက်နေ့ ၀၉နာရီတွင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမတွင် ““လူ့အခွင့်အရေးများ၏
သဘောသဘာဝနှင့် ပြောင်းလဲလာသည့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ အယူအဆများ””
အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး
ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း တက်ရောက်၍
အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ...ရန်ကုန်တက္ကသိုလ်
ဥပဒေပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်ခင်မာရီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ ရဲရေးချုပ် ရဲမှူးချုပ် သိန်းတင့်၊
မှုခင်းတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်ဝင်းဦး၊ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်
တင်စိုး၊ အမှတ်(၁)ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သိန်းထွန်း၊
ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြ၀င်း၊ လေကြောင်းရဲတပ်ဖွဲ့မှူး
ရဲမှူးချုပ် နေ၀င်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များမှ
ဦးစီး(ပထမတန်း)နှင့် ရဲမှူး(ဦးစီး)များ စုစုပေါင်း (၆၀)ဦး
တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မိုးစက်
လူ့အခွင့်အရေးများ၏ သဘောသဘာဝနှင့်ပြောင်းလဲလာသည့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ အယူအဆများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်