ဓာတ်အား ပြတ်တောက် ပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဓါတ်အား ကွပ်ကဲရေးဌာန (နေပြည်တော်) ဝ၆၇-၄၁ဝ၃၉၄၊ ဝ၉-၈၃ဝ၄၇ဝ၉၊
ဓါတ်အား ကွပ်ကဲရေးဌာန (ရန်ကုန်) ဝ၁-၂၂၁၅၃ဝ၊ ဝ၁-၂၂၇၆၆၇၊ ဝ၉-၈၆၃၄၈၈၅၊
ဓာတ်အား ကွပ်ကဲရေးဌာန(မန္တလေး) ဝ၂-၃၉၃၃ဝ၊ ဝ၉-၈၆ဝ၁၅၆၃၊
ဝ၉-၂ဝဝ၂၇၅၇၊
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန(တာဝန်မှူးရုံး) ဝ၆၇-၄၁ဝ၆၆၆၊

နေပြည်တော်တိုင်း လျှပ်စစ် အင်ဂျင်နီယာ (တာဝန်မှူးရုံး) ဝ၆၇-၄၂ဝ၆၆၆၊
ပျဉ်းမနား ဝ၆၇-၂၃၆၆၆၊
မြစ်ကြီးနား ဝ၇၄-၂၄၆၆၆၊
လွိုင်ကော် ဝ၈၃- ၂၂၆၆၆၊
ဘားအံ ဝ၅၈-၂၂၆၆၆၊
ဟားခါး ဝ၇ဝ-၂၂၆၆၆၊
မော်လမြိုင် ဝ၅၇-၂၆၆၆၆၊
တောင်ကြီး (ပြည်ယာရုံး) ဝ၈၁- ၂၅၆၆၆၊
လားရှိုး ဝ၈၂-၂၄၆၆၆၊
ရန်ကုန် (တိုင်းရုံး) ဝ၁-၂၁၅၆၆၆၊
တောင်ပိုင်းခရိုင်ရုံး(သံလျင်) ဝ၅၆-၂၁၆၆၆၊
မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) ဝ၁-၆၄၄၆၆၆၊
အရှေ့ပိုင်းခရိုင်ရုံး(တာမွေ) ဝ၁-၅၅၉၆၆၆၊
အနောက်ပိုင်းခရိုင်ရုံး (ကျောက်တံတား) ဝ၁-၃၈၉၆၆၆၊
မန္တလေး (တိုင်းရုံး) ဝ၂-၆၅၆၆၆၊
မန္တလေး (ခရိုင်ရုံး) ဝ၂-၇၃၆၆၆၊
မိတ္ထီလာ ဝ၆၄- ၂၅၆၆၆၊
မုံရွာ ဝ၇၁-၂၄၆၆၆၊
စစ်ကိုင်း ဝ၇၂-၂၂၆၆၆၊
ပဲခူး ဝ၅၂-၂၄၆၆၆၊
တောင်ငူ ဝ၅၄-၂၆၆၆၆၊
ပြည် ဝ၅၃- ၂၆၆၆၆၊ မကွေး ဝ၆၃-၂၄၆၆၆၊
ပုသိမ် ဝ၄၂-၂၄၆၆၆ တို့ဖြစ်ြကသည်။
တက္ကသိုလ်ဝင်စာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလအတွင်း
လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ၂ဝ၁၃ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင် စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ လျှပ်စစ် ဓာတ်အား အဆင်ပြေ လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် မတ်လ ၁ ရက်မှစ၍ စာမေးပွဲပြီးဆုံးချိန်အထိ နေ့စဉ် ညနေ ၅ နာရီမှ နောက်နေ့ နံနက် ၅ နာရီ အထိ အများပြည်သူအား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် အဓိက ဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း အများပြည်သူအား ဦးစားပေး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးမည်ဖြစ်၍ စက်မှုဇုန်များ၊ ကုန်ထုတ်လုပ်မှု စက်မှုလက်မှု လုပ်ငန်းများ၊ အကြီးစား စက်မှုသုံး လုပ်ငန်းများကို ညနေ
၅ နာရီမှ နံနက် ၅ နာရီထိ ခေတ္တ ဓာတ်အား ပိတ်ထားမည် ဖြစ်သည်။
ထို့အပြင် ၂ဝ၁၃ ခုနှစ် မတ်လအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ထုတ်လုပ်ရေး အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လက်ရှိလည်ပတ် လျက်ရှိသော သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်များအပြင် ကျွန်းချောင်း
စက်ရုံမှ တာဘိုင်စက်နှစ်လုံးနှင့် ရွှေတောင်၊ မြန်အောင်၊ မော်လမြိုင်နှင့် ရွာမစ က်ရုံများမှ တာဘိုင် စက်တစ်လုံး စီအား ထပ်မံလည်ပတ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃ ခုနှစ် မတ်လ အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ အတွက် နေ့စဉ် ညနေ ၅ နာရီမှ နောက်နေ့ နံနက် ၅ နာရီထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် အထူး အလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ဓာတ်အား ပြတ်တောက် ပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်။

Posted From Royal Hero MediaFire

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်