ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေးများပါဝင်

ယမန်နေ့ညနေက ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်-၂ဒုက္ခသည်စခန်းမီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ဦးသေဆုံးခဲ့ ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ဦးပါတယ်လို့ ကန္တာရ၀တီတိုင်း(မ်) သတင်းထောက်မှ သတင်းပေးပို့ပါတယ်။

ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရပါတယ်။ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါးမီးလောင် ကျွမ်းသွားခဲ့တဲ့ အတွက် လက်ရှိ ရပ်ကွက်၁မှ လူဦးရေ ၁၁၂၃ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGOအဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOMနဲ့ ဒေသခံ ထိုင်းအာဏာပိုင်တို့ကနေ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBCရဲ့ ၂၀၁၃ခုနှစ် ဖေါ်ဖေါ်ဝါရီ လူဦးရေးစရင်းပြုစုထားချက်အရ အမှတ် ၂ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ဦးဖြစ်ပါတယ်။_

ကန္တာရ၀တီတိုင်း(မ်)

0 မှတ်ချက်များ: