မတ်လ ၁၅ ရက်နေ့မှစတင်၍ ပြည်ပသို့ ထွက်ခွာမည့်သူများ နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် ပုံစံ (၁၉) နှင့် D-Form တို့လျှောက်ထားရန် မလိုအပ်တော့

မတ်လ ၁၅ ရက်နေ့မှစတင်၍ ပြည်ပသို့ ထွက်ခွာမည့်သူများ နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် ပုံစံ (၁၉) နှင့် D-Form တို့လျှောက်ထားရန် မလိုအပ်တော့

မတ်လ ၁၅ ရက်နေ့မှ စတင်၍ ပြည်ပသို့ ထွက်ခွာမည့်သူများ နိုင်ငံ ကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်း ရှင်းကြောင်း သက်သေခံလက်မှတ် ပုံစံ(ဂ) ပထခ(၀င)-၁၂ (ပုံစံ-၁၉) နှင့် D-Form တို့ လျှောက်ထားရန် မလိုအပ်တော့ကြောင်း နိုင်ပိုင်ငံပိုင် မီဒီယာဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြားတွင် မတ်လ ၁၃ ရက်ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

ပြည်ပထွက်ခွာမည့်သူများ အနေဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ပုံစံ(ဂ)နှင့် D-Form တို့ လျှောက်ထားရခြင်းများကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်ခြင်း၊ ငွေ ကုန်ကြေး ကျများခြင်းနှင့် အချိန်ကုန် လူပင်ပန်းခြင်းတို့ကြောင့် ရယူရန် မလိုအပ်တော့ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပြည်ပသို့ ထွက်ခွာမည့်သူများအားလုံး (အခွန်ကြွေးကျန် ရှိသူများမှအပ) အနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ပုံစံ (ဂ) ပထခ(၀င)-၁၂ ထောက်ခံချက်အား မတ်လ ၁၅ ရက်နေ့မှ စတင်၍ ရယူရန် မလိုအပ်တော့ကြောင်းနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာမည့်သူများ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက သတ်မှတ်ထားသည့် ပြည်ပထွက်ခွာခွင့်ပုံစံ (ဃ) D-Form ကို ဖြည့်စွက်လျှောက်ထားပြီး မှန်ကန်ခွင့်ပြုချက် ရရှိမှသာ ပြည်ပသို့ ထွက်ခွာခွင့်ရရှိကြောင်း၊ ယင်းပုံစံ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ပြည်သူ့လူထုတွင် ပြည်ပသို့ ထွက်ခွာမည့်သူတိုင်း နိုင်ငံခြားသားနှင့် နိုင်ငံသား မည်သူမဆို မတ်လ ၁၅ ရက်နေ့မှ စတင်၍ ဖြည့်စွက်လျှောက်ထား တောင်းခံရန် မလိုအပ်တော့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်ဟု မြန်မာ့ရုပ်မြင်သံကြားတွင် ကြေညာသွားခဲ့သည်။

"ပတ်ဖို့ရဖို့အတွက်ကို ပုံစံ (၁၉) လုပ်ရတာ တော်တော်အချိန်ကုန် လူပင်ပန်းပြီး ငွေလည်း ကုန်ပါတယ်။ လူလည်း တန်းစီရတယ်။ အဲဒီကြားထဲ မသိတဲ့ သူတွေဆိုရင် ပွဲစားတွေရဲ့ အလည်လည်း ခံရနိုင်တယ်။ ကျွန်တော်ပုံစံ (၁၉) သွားထုတ်တော့ ကိုယ့်ရှေ့မှာတင် ပုံစံ (၁၉) လာလုပ်တဲ့သူကို ပွဲစားက လုပ်ပေးမယ်ပြောပြီး ပိုက်ဆံတွေ ပိုတောင်းသွားတဲ့ဖြစ်ရပ် ကြုံခဲ့ရတယ်။ ဒါကြောင့် ပုံစံ (၁၉) က အရင်ကတည်းက ပယ်ဖျက်ပေးခဲ့သင့်တာပါ။ ပုံစံ ၁၇ လည်း ပယ်ဖျက်ပေးသင့်ပါတယ်။ D-Form ကတော့ ငွေကုန်ကြေးကျ နည်းပေမဲ့ အချိန်နည်းနည်းပေးရတယ်" ဟု မကြာသေးမီက နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူတစ်ဦးက သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။

Credit to >>eleven.

0 မှတ်ချက်များ: