သြစတြေးလျနိုင်ငံ နယူးဆောက်တ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ်က လိင်တူချစ်သူတွေကို တခြား တရားဝင်လင်မယားလိုပဲ သတ်မှတ်သင့်ကြောင်း ပြောလိုက်ပါတယ်။
လိင်တူချစ်သူ စုံတွဲတွေအနေနဲ့ သြဂုတ်လကစပြီး တရားဝင် လက်ထပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံက လိင်တူချစ်သူစုံတွဲကို တခြားလင်မယားလိုပဲ တန်းတူအခွင့်အရေးရှိကြောင်း တရားဝင် အသိအမှတ်ပြုပြီးနောက်ပိုင်း နယူးဆောက်တ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ်က ဒီ အ ချက် ကို ထောက် ခံ ကြောင်း ပြောဆို လိုက်တာ ဖြစ်ပါတယ်။

သာမာန်လင်မယားစုံတွဲပဲ ဖြစ်ဖြစ် လိင်တူချစ်သူ စုံတွဲပဲဖြစ်ဖြစ် မိသားစုဟာ အရေးကြီးတဲ့အတွက် မိသားစု အတည်တကျ တည်ထောင်ဖို့ ရည်ရွယ်သူ လူနှစ်ဦးကို ကန့်သတ်မှု မလုပ် သင့်ဘူးလို့ ပြောသွား ခဲ့ပါတယ်။
လိင်တူချစ်သူတွေကို တစ်ဦးနဲ့တစ်ဦး အပျော်သဘောသာ တွဲခွင့်ပေးထားပြီး အတည်ကျတဲ့ အိမ်ထောင်ရေး တည်ထောင်လိုသူတွေကို တရားဝင် ခွင့်မပြုတာဟာ မိသားစု တည်ထောင်ခွင့်ကို ကန့်သတ်ထားသလိုဖြစ်နေပြီး သာမာန်လင်မယားဖြစ်စေ လိင်တူစုံတွဲဖြစ်စေ လူနှစ်ဦး နှစ်ယောက်ဟာ မိသားစုတစ်စု တည်ထောင်ခွင့်တော့ ရှိသင့်တယ်လို့ ပြောလိုက်တာဖြစ်
ပါတယ်။
နယူးဇီလန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကပဲ လိင်တူချစ်သူတွေကို တရားဝင် လက်ထပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး စုံတွဲတွေအနေနဲ့ သြဂုတ်လက စပြီး တရားဝင် လက်ထပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
လိင်တူချစ်သူစုံတွဲကို တရားဝင်လက်ထပ်ခွင့်ပေးတာ နိုင်ငံတချို့ရဲ့ ပြည်နယ်အဆင့်လောက်သာ ခွင့်ပြုကြပေမယ့် နိုင်ငံတော်အတိုင်းအတာနဲ့ တရားဝင် လက်ထပ်ခွင့်ပေးတာ နိုင်ငံပေါင်း ၁၃ နိုင်ငံသာရှိပါတယ်။
နယ်သာလန်နိုင်ငံကတော့ ၂၀၀၀ ပြည့်နှစ်မှာ လိင်တူချစ်သူစုံတွဲကို တရားဝင်လက်ထပ်ပေးလိုက်တာဖြစ်ပြီး နောက်ပိုင်းမှာ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ စပိန်၊ တောင်အာဖရိက၊ နော်ဝေး၊ ဆွီဒင်၊ အိုင်စလန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဒိန်းမတ်၊ ဥရုကွေးနဲ့ နောက်ဆုံး တရားဝင်ခွင့်ပြုလိုက်တဲ့ နိုင်ငံကတော့ နယူးဇီလန်နိုင်ငံပဲ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံက လိင်တူချစ်သူစုံတွဲကို တရားဝင်လက်ထပ်ခွင့်ပေးလိုက်တဲ့အတွက် သြစတြေးလျနိုင်ငံက လိင်တူချစ်သူ စုံတွဲ တချို့ကလည်း တက်စမန်ပယ်လယ်ကို ကျော်ပြီး နယူးဇီလန်နိုင်ငံမှာ လက်ထပ် ထိမ်းမြားကြဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။
ABC Radio Australia

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်