ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု

ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေည ၁၀ နာရီခန့်က အနုကြမ်းစီးမှု တခုဖြစ် ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင် ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ ရသည်ဟု သိရသည်။

ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် တနေ့ လုံးရောင်းချထားသော ငွေများပျောက်ဆုံးနေကြောင်း၊ ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများနှင့် သေ ဆုံးနေကြောင်း အ မှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ပြောသည်။ သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက ပြည်မြို့ အမှတ် (၂) ရဲစခန်း တွင် အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။

ကောင်းမြတ်မင်း
ဧရာဝတီ News

0 မှတ်ချက်များ: