ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း သြဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ် ကို ရွေးချယ်ဖို့ အင်တာနက်မှ မဲပေးရွေးချယ်မှု အစီအစဉ် ဧပြီလ ၁၇ ရက်နေ့မှာ အဆုံးသတ်သွားခဲ့ရာမှာ နောက်ဆုံး အပြီးသတ် ရွေးချယ်မှုရလဒ်အဖြေကို TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က မဲပေးသူစုစုပေါင်းရဲ့ ၆၁%၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉%နဲ့ မဲရာခိုင်နှုန်း အများဆုံးရရှိပြီး အောင်နိုင်သွားပါတယ်။
TIME မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း သြဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ်ကို ၂ဝ၁၃ခုနှစ်အတွက် နိုင်ငံရေးနယ်ပယ်၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၊ နည်းပညာနယ်ပယ်နဲ့ ဖျော်ဖြေရေး အနုပညာနယ်ပယ် ကဏ္ဍ ၄ခုမှ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဧပြီ ၁၁ရက်နေ့မှာ ဖျော်ဖြေရေးကဏ္ဍက ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို ပရိသတ်အကြိုက်မဲတွေနဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို ဧပြီ ၁၅ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီစံပြ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်ဒုတိယဥက္ကဌ လယ်ရီပေ့ခ်ျကို မဲအပြတ်အသတ် အသာရခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်နေ့မှာတော့ အင်တာနက်မှ မဲပေးရွေးချယ်မှု ပြီးဆုံးခါနီင်္းအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါတို့ကို မဲပေးမှုရာခိုင်နှုန်းက အပြိုင်အဆိုင် ဖြစ်နေခဲ့ပြီး နောက်ဆုံးရလဒ်မှ ဒေါ်အောင်ဆန်းစုကြည်က မဲပေးရွေးချယ်မှု ရာခိုင်နှုန်း အပြတ်အသတ်နဲ့ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်