ဒဂုံမြို့နယ်ရဲစခန်းမှ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဘုရားရှင်မြတ်၏ ဓာတ်တော်လေးဆူတည်ထားရာ သမိုင်းဝင် ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ ဆာရီခြုံပြီး ပန်းကြဲစော်ကားခဲ့သော အမျိုးသမီးအား စိတ်မနှံ့သူဟုဆိုပြီး ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ ဘာသာရေးစော်ကားသူများအား ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီး ပြည်သူအများက ရဲတပ်ဖွဲ့အပေါ် အထင်သေး ရှုတ်ချနေကြကြောင်း ပြည်သူများမှ ပေးပို့လာသော ပြည်သူ့အသံများအရ သိရသည်။
"ဘယ်လိုပဲ စိတ်မနှံ့သူဖြစ်ဖြစ် စိတ်နှံ့သူဖြစ်ဖြစ် မွတ်စလင် ဆာရီခြုံပြီး ဘုရားပေါ်တက်တာ ခွင့်ပြုတယ်ဆိုကတည်းက ဂေါပကတွေက ဘုရားပေါ်မှာ လုံခြုံရေးအားနည်းတယ်ဆိုတာ ပေါ်လွင်နေတာပဲ။ ဘယ်သူက ဆာရီခြုံပြီး ဘုရားရှိခိုးမှာမို့လို့လဲ၊ နောက်ပြီး ဒါဆိုရင် စိတ်မနှံ့သူဆိုပြီး ဥပဒေကျူးလွန်တာတို့ ဘာသာသနာကို စော်ကားတာတို့ကို ခွင့်ပြုပေးထားတာလား၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေး၊ ဥပဒေနဲ့ ဘာသာသာသနာတွေကို စောင့်ရှောက်ရမယ့် ရဲတွေရဲ့ အခုလုပ်ရပ်ကြောင့် ဘယ်ပြည်သူမှ ရဲဆိုတာကို လက်ခံမှာ မဟုတ်တော့ဘူး၊ ဒီအတွက် ပြည်သူတစ်ယောက်အနေနဲ့ ရဲကိုကော အစိုးရကိုကော ဘာသာသာသနာကိုမစောင့်ရှောက်နိုင်ဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်။"ဟု မျိုးမင်းဇော်ဆိုတဲ့ အသက် ၂၇နှစ်အရွယ်ရှိ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော် ဂေါပကလုံခြုံ ရေးရုံးခန်းတွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးက
"စိတ်မနှံ့တဲ့ အမျိုးသမီးပါ။ ဒါကြောင့် လွှတ်လိုက်တာပါ" ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
၎င်းအသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ မွတ်စလင် ဆာရီခြုံ အမျိုးသမီးနှင့် အတူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဖော်ပါပြီး မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အရှေ့ဘက်မုခ်မှ နှင်းဆီပန်းငါးစည်းကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူ၍ ဘုရားရင်ပြင်ထောင့် တွင် ပန်းကြဲကာ ဓာတ်ပုံအရိုက်ခံပြီး ထွက်ပြေးခြင်းကြောင့် ဘုရားဂေါပက လုံခြုံရေးအဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဘုရားပေါ်ရှိ မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ သိရသည်။
ယင်းအမျိုးသမီးသည် ရှမ်းတိုင်းရင်းသူ ဒေါ်ခင်မျိုးဖြစ်ကာ ၄င်း၏ခင်ပွန်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဖြစ်ပြီး ရန်ကုန်မြို့သို့ အလည်လာချိန် ရွှေတိဂုံ စေတီတော်သို့ ရောက်ရှိကာ အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။
ပြည်သူအချို့၏ ပေးပို့လာသောစာများကို ပေါင်းစပ်ဖော်ပြလိုက်ပါသည်။
ဘယ်ဘာသာမဆို တခြားဘာသာကို စော်ကားတာဟာ ရူးသည်ဖြစ်စေ မရူးသည်ဖြစ်စေ ခွင့်မပြုသင့်ပါဘူး။ ဥပဒေဆောင်ပုဒ်ကလေးတစ်ခုကို ရဲတပ်ဖွဲ့က မေ့နေသလားလို့ သတိပေးချင်ပါတယ်၊ ဥပဒေကို မသိနားမလည်ဟုဆိုကာမျှဖြင့် ဥပဒေက သင့်အားခွင့်ပြုမည်မဟုတ်ဆိုတာလေးကို ဘယ်သူတွေက ရေးသားခဲ့တာလဲ၊ လိုက်ကော လိုက်နာကြရဲ့လား၊ စခန်းတွင်းမှာ ပိုက်ဆံပေးလိုက်လို့ လွှတ်ပေးတာလား ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှလည်း မသိနိုင်သလို ယခုလို ဘာသာရေး စော်ကားသွားသူတွေကို လွှတ်ပေးလိုက်ခြင်းဟာ အများပြည်သူအနေနဲ့ ယခုလိုထင်မြင်စရာလည်း ဖြစ်နိုင်ပါတယ်။
ရူးတယ်ဆိုတဲ့လူက ဘုရားကို အဖော်နဲ့လာပြီး ပန်းကြဲတာ အဖော်ကကော မတားဘူးလား၊ တခြား သွားကြဲစရာနေရာကောမရှိဘူးလားဗျာ၊ ရူးတယ်မရူးဘူးဆိုတာ ကလေးတွေတောင် သိနေတာ ရဲက ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိလောက်အောင် တုံးရလား သိချင်ပါတယ်။ ဒါနဲ့ ပြည်သူကို ဘယ်လိုစောင့်ရှောက်မှာလဲ သိချင်ပါတယ်။
သောက်ရူးစကား သောက်ပေါပဲရုံတယ်ဆိုတာ ရဲတပ်ဖွဲ့ကို သိစေချင်လို့ ပြည်သူ့အသံကဏ္ဍကို ပေးပို့ပါတယ်။ ဖော်ပြပေးစေလိုပါတယ်ခင်ဗျာ။ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ ဘာသာရေးကိုးကွယ်မှုကို စော်ကားတာကို ရူးတယ်ဆိုပြီး ခွင့်ပြုပေးလိုက်တာလား၊ ဒါဆို နောင်ကို မွတ်စလင်တွေ ရူးတယ်ဆိုပြီး ဘုရားတက်ပြီး သောင်းကျန်းလာရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်လည်း ရူးလို့ဆိုပြီး ရဲစခန်းထဲဝင်ပြီး စခန်းမှူးအခန်းထဲ အလေး အပေါ့စွန့်ရင် ရမလား ရဲတပ်ဖွဲ့ကို မေးချင်ပါတယ်။ သေချာတာတော့ နောင်ဘယ်တော့ ရဲတွေကို အားမကိုးဘူး၊ ပြည်သူရဲ့ ယုံကြည်မှုကိုလည်း ရဲတွေ ရမှာမဟုတ်တော့ဘူး၊ ရဲဆိုတာ ငကြောက် အရူးတွေလို့ပဲ ရှုတ်ချပါတယ်။
ရဲတွေက ဗုဒ္ဓဘာသာကော ဟုတ်ရဲ့လား၊ စခန်းမှူးတော့ ထောမယ်ထင်ပါတယ်ဗျာ။ ရဲတိုက်က ခရစ်ယာန်ဘုရားကျောင်းထဲ ၀င်စော်ကားတာကော ရူးတယ်ဆိုပြီး လွှတ်ပေးဦးမှာလား၊ ဒါဆို နောင်ကို အရူးတွေ ဘုရားပေါ် တက်သောင်းကျန်းနေခွင့် ပေးမယ်ပေါ့။ ရဲကို ရွံ့ပါတယ်ဗျာ။
ယင်းစာများအပြင် အခြားသော ရရှိလာသည့်စာများကိုလည်း ထပ်မံ ဖော်ပြပေးပါဦးမည်။
သတင်းဇာနည် သတင်းမီဒီယာ၏ ပြည်သူ့အသံများမှ ဖော်ပြပြီး ကမ္ဘာ့ရွာကလေး ရန်ကုန်အဖွဲ့နဲ့ သတင်းဇာနည်အဖွဲ့တို့ ပူးပေါင်းရေးသားပါသည်။

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်