တရုတ်ပြည်မှာ ပတူကိုက်လို့  လူ ၃၀ ကျော် သေဆုံး ၊ မုတ်သုံရာသီဥတုဒေသများတွင် ပတူအန္တရာယ်သတိရှိရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က နှိုးဆော်
တရုတ်ပြည်တောင်ပိုင်း ရှန်စီပြည်နယ်မှာ ပတူကောင်ကိုက်လို့  လူ ၆၀၀ ကျော် ဒဏ်ရာရရှိပြီး ၃၀ ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းထဲက ကြီးထွားပေါက်ဖွားနှုန်းမြန်လာတဲ့ ပတူကောင်တွေဟာ အဲဒီဒေသက လယ်သမားတွေ ၊ ကျောင်းနေကလေးတွေနဲ့  ဒေသခံတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပတူတိုက်ခိုက်မှုကြောင့် ကျောက်ကပ်ပျက်စီးပြီး ဆေးရုံတက်နေရသူတစ်ဦးက သူတို့ က ပိုပြေးလေ ပိုလိုက်လေပဲလို့  ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာရှတိုက်ပတူကောင်တွေဟာ နှစ်လက်မကျော်အရွယ်ထိ ကြီးထွားနိုင်ကာ ပိုပြီးတော့အဆိပ်ပြင်းပြီး လူရဲ့ အသားကို ခဏအတွင်းမှာ ပျက်စီးစေနိုင်တဲ့ အားအပြင်းဆုံးအဆိပ်ကို ထုတ်နိုင်တယ်လို့  အင်းဆက်လေ့လာတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Vespa mandarinia ဆိုတဲ့ ပတူကောင်မျိုးဟာ အာရှတိုက်မှာပေါက်ဖွားတဲ့ အဆိပ်အပြင်းဆုံးအင်းဆက်မျိုးဖြစ်ကာ တရုတ် နဲ့  အရှေ့ တောင်အာရှနိုင်ငံတွေမှာ ကျက်စားတတ်ပါတယ်။
Freedom News Group

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်