ထရိတ်ဒါးဟိုတယ် ၉လွာမှာ အောက်တိုဘာလ ၁၄ ရက်နေ.ည ၁၁း၄၅ မှာ အခန်းအမှတ် ၉၂၁ မှာ လက်လုပ်ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အခန်းအမှတ် ၉၂၁ မှာ တည်းခိုနေတဲ့ အမေရိကန်နိုင်ငံသား မိသားစု၎ ဦးထဲမှ မိခင်ဖြစ်သူ Mrs. pialarsi မှာ လက်နှင့်ပေါင်တို.တွင် ဒဏ်ရာရရှိခဲ့ပီး (မစိုးရိမ်ရ) ရန်ကုန်ပြည်သူဆေးရုံ ကြီးတွင် ဆေးကုသခံနေပါသည်။

အဆိုပါ အမေရိကန်နိုင်ငံသားမိသားစုမှာ အောက်တိုဘာလ ၁၄ ရက်နေ. နေလည် ၁နာရီအချိန်တွင် တည်းခိုနေသော မိသားစု ဖြစ်ပီး ညဘက် အိမ်သာတက်ချိန်တွင် ရေချိုးခန်းဘေစင်အောက် မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲခဲ့သော်ဗုံးသည် IE အမျိုးအစား လက်လုပ်ဗုံးအမျိုးအစားဖြစ် သည်ဟု သိရပီး..နေလည်က အလုံတွင်တွေရှိခဲ့သော ဗုံးအမျိုးအစားနှင့် အတူတူပင်ဖြစ်ကြောင်း တပ်မတော် အင်ဂျင်နီယာတပ်ရင်းမှ တပ်မတော်သားတဦးမှ ပြောသည်။
ယခုဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခန်းကို အောက်တိုဘာလ ၁၃ ရက်နေ.က မြန်မာနိုင်ငံသားတဦးတည်းခိုခဲ့ကြောင်း ထရီတ်ဒါး ဟိုတယ်မှ ၀န်ထမ်းတဦးမှ ပြောသည်။
အဘ ဖိုးသီဟ

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်