မြန်မာသံရုံးနဲ့ စစ်သံရုံးကြားမှာ ရင်းဂစ် ၁၂ သိန်းကျော်နှင့် ပါတ်စပို့စာအုပ် ၃၁၉ အုပ် ပျောက်ဆုံး

မလေးရှားနိုင်ငံသို့ နေပြည်တော်ကနေ စေလွှတ်လိုက်တဲ့ အထူးစုံစမ်းရေးအဖွဲ့ နိုင်ငံခြားရေးညွှန်ချုပ်နှင့် အလုပ်သမားရေးဌာနက ညွှန်ချုပ်တို့သည် မလေးရှားနိုင်ငံသို့ရောက်ရှိလာခဲ့ကြသည်။
နေပြည်တော်ကနေ လွှတ်လိုက်တဲ့စုံစမ်းရေးအဖွဲ့သည် မည့်သည့်အလုပ်သမားများနှင့်တွေ့ဆုံမှု မရှိခဲ့ဘဲ မပာာနန်းလုပ်ငန်းစုပိုင်ရှင်၊ စစ်သံရုံးနှင့် သံရုံးဝန်ထမ်တွေများနဲ့သာ တွေ့ဆုံဆွေးနွေးသွားခဲ့သည်။

၂၀၁၁ ခုနှစ်က မလေရှားနိုင်ငံတွင်ရှိတဲ့ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများကို လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ဖြင့် ပြုလုပ်ပေးသည့် 6P အစီအစဉ်ကာလမှာ တရားမ၀င်နေထိုင်ကြတဲ့ နိုင်ငံခြားသားအလုပ်သမားများကို တရားဝင်နေထိုင်မှုဖြစ်အောင် မလေးရှားအစိုးရမှ ကမကထပြုလုပ်ပေးခဲ့သည်။

မြန်မာအလုပ်သမားများသည်လည်း ယုံကြည်စိတ်ချရပြီလို့ထင်ထားရတဲ့ မလေးရှားနိုင်ငံမှာဖွင်လှစ်ထားခဲ့တဲ့ မြန်မာကုမ္ပဏီအမည်ခံ မပာာနန်းလုပ်ငန်းမှာ 6P အစီအစဉ်နှင့်ပါစ်ပို့စာအုပ်အပြင် ပါမစ်သက်တမ်းတိုးဖို့အတွက် မြန်မာအလုပ်သမားတွေဆီက မပာာနန်းကနေပြီတော့ ဒီပာာတွေအားလုံးကို ပြီဆုံးအောင် ပြုလုပ်ပေးမယ်ဆိုပြီတော့ ၀န်ဆောင်မှုအတွက် ယူထားတဲ့ ပိုက်ဆံတွေပါ ပြန်ပေးဖို့လိုသည်။

မပာာနန်းမှာ အလိမ်ခံထားရတဲ့ ပါစ်ပို့စာအုပ်အားလုံး ၃၁၉ အုပ်ကို မပာာန်နန်းကနေပြီတော့ မြန်မာသံရုံး တရားဝင် လွဲပြောင်းထားသည်ဟု မပာာနန်း ဖေ့ဘွတ်မှာ တရားဝင် ကြေညာထားပါသည်။
ဒါပေမဲ့ မပာာနန်းက ဒီပါစ်ပို့စာအုပ်တွေကို မြန်မာသံရုံးသွားမပေးဘဲ စစ်သံရုံးကို တိတ်တဆိတ် သွားရောက်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် သံရုံးအတွင်းသိတဲ့ ၀န်ထမ်းကနေပြီတော့ မြန်မာရွှေ့ပြောင်းကူညီစောင့်ရှောက်ရေးစင်တာ (MMRC)အဖွဲ့ကို ဖုန်းကနေတဆင့် ရှင်းပြသွားခဲ့သည်။

နေပြည်တော်က စေလွှတ်လိုက်တဲ့ စုံစမ်းရေးအဖွဲ့ကလည်း ဒီမပာာနန်းရဲ့ လိမ်လည်အမှုကို လိမ်ခံထားရတဲ့ မြန်မာအလုပ်သမားတွေရဲ့အမှုတွေကို သေချာစုံစမ်းမှုမရှိပဲနဲ့ မြန်မာအလုပ်သမားတွေအတွက် လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာအလုပ်သမားအဖွဲ့(MMRC)နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်က ညွှန်းချုပ်အဖွဲ့တွေက ပြောဆိုသွားပေမဲ့ တကယ်လက်တွေ့မှာ တွေ့ဆုံ ဆွေးနွေးမှုမရှိဘဲ တိတ်တဆိတ် ရှောင်ဖယ်သွားခဲ့သည်ဟု မြန်မာအလုပ်သမား(MMRC)အဖွဲ့ ကိုလတ်က သူရိယဂျာနယ်ကိုပြောသွားခဲ့သည်။

မြန်မာအလုပ်သမားအဖွဲ့(MMRC) မှ ကိုရန်နိုင်ထွန်းက ဒီစာအုပ်တွေကို ပြန်ပေးထားခဲ့ရင် မြန်မာအလုပ်သမားဆီက ယူထားတဲ့ပိုက်ဆံတွေပါ ပြန်ပေးဖို့လိုတယ်။
ဒီမြန်မာအလုပ်သမားတွေအားလုံးကို 6P အစီအစဉ်ကာလကမှာ မြန်မာသံရုံးက သံအမတ်တွေလည်း ပါဝင်ပတ်သက်မှုရှိတယ်၊ သူတို့မှာလဲ တာဝန်ရှိတယ်၊ မပာာနန်းက 6P အစီအစဉ်နှင့်ပတ်သက်ပြီး ၀န်ဆောင်မှုအခကြေးငွေတွေအပြင် ပါမစ်သက်တမ်းတိုးဖို့အတွက်ပါ အလုပ်သမားတယောက်ချင်းဆီက ယူဆောင်ထားတဲ့ မလေး ရင်းဂစ် ၄၀၀၀ အထက်မှာရှိတယ် ၊ မပာာနန်းက ၀န်ဆောင်မှုအခကြေးငွေတွေကို ယူထားတဲ့ ပိုက်ဆံတွေက ပျှမ်းမျှ ရင်းဂစ် ၁၂ သိန်း အထက်မှာ ရှိပြီ၊ ကျနော်တို့(MMRC)အဖွဲ့မှာ လာရောက်တိုင်ကြားတဲ့ မြန်မာအလုပ်သမားစာရင်း ၂၄၀ လောက် စာရင်းက ရှိနေသေးတယ်၊ နေပြည်တော်ကနေ စေလွှတ်လိုက်တဲ့ အထူးစုံစမ်းရေးအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်းချုပ်နဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်းချုပ်တို့အဖွဲ့သည်လည် ပွင့်လင်းမြင်သာမှုမရှိဘူး ။ ထိုကြောင့် နေပြည်တော်က ညွှန်းချုပ်အဖွဲ့ ၄ ယောက်နဲ့ စစ်သံရုံး၊ မြန်မာသံရုံးအပါအ၀င်၊ ဒီမပာာနန်းရဲ့ မြန်မာအလုပ်သမားတွေအားလုံးဆီက ယူထားတဲ့ပိုက်ဆံတွေကို တိတိကျကျတဲ့ မှန်မှန်ကန်ကန် ပြုလုပ်ဖို့လိုအပ်သလို ဒီစုံစမ်းမှုတွေ သေချာစီစစ်ပြီတော့ ဒီလိုအလိမ်ခံထားရတဲ့ မြန်မာအလုပ်သမားတွေအားလုံးနှင့် မျက်နှာချင်းဆိုင် ဖြေရှင်းပေးဖို့လဲ လိုပါသည်။
မြန်မာအလုပ်သမား ကိုကျော်အောင်က 6P အစီအစဉ်ကာလတုန်းက ကျနော်တို့ဆီကနေ ယူထားပိုက်ဆံတွေက ရင်းဂစ် ၅၅၀၀ ရာနဲ့ ပေးချေခဲ့ရတယ်၊ အခုလဲ မပာာနန်းက စာအုပ်ပြန်ပေးတယ်ဆိုရင် ကျနော်တို့ ပိုက်ဆံတွေပါ ပြန်ပေးဖို့လိုတယ် ။ တကယ်လို့ ပိုက်ဆံပြန်မပေးဘူးဆိုရင် ဒီပိုက်ဆံတွေကို မြန်မာသံရုံးနဲ့ စစ်သံရုံးကလူတွေပါ နေပြည်တော်အဖွဲ့နဲ့အတူ ဝေစား မျှစားဆိုတဲ့ အဲဒီသဘောသက်ရောက်နေတယ် ။ အခုလို ဒီမပာာနန်းဆီမှာ အလိမ်ခံထားရတဲ့ ကျနော်တို့လို အလုပ်သမားတွေရဲ့ မျက်နှာ စာနာထောက်ထားဖို့လိုတယ် ဒီမပာာနန်းရဲ့ အလိမ်ခံထားရတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေအားလုံးရဲ့ အပေါ်မှာ ပွင့်လင်းမြင်သာတဲ့ စိတ်မျိုးနဲ့ ထိထိရောက်ရောက်ဖြေရှင်းပေဖို့လိုသည်ဟု ကိုကျော်အောင်က သူရိယဂျာနယ်ကို ပြောပြသွားသည်။

ကျနော်တို့(MMRC)အဖွဲ့မှာ လာရောက်တိုင်ကြားထားတဲ့ မြန်မာ အလုပ်သမားအားလုံးကို အကြံဥာဏ်ပေးချင်တာက ပါစ်ပို့စာအုပ်တွေကို် မြန်မာသံရုံးမှာ သွားရောက်ယူဆောင်တဲ့အခါကျရင် ပေးထားတဲ့ ပိုက်ဆံတွေကိုပါ တောင်းယူကြပါလို့ ပြောချင်ပါတယ် နေပြည်တော်ကညွှန်ချုပ် အဖွဲ့၊ စစ်သံရုံးနဲ့ မြန်မာသံရုံးက ဒီမပာာနန်းရဲ့အမှုကို လက်ခံဖြေရှင်းပေးခဲ့တဲ့အတွက်ကြောင့်မို့ သူတို့မှာ တာဝန်အရှိဆုံး ဖြစ်သည်ဟု ကိုလတ်က ပြောပြသွားသည်။

ဒီမပာာနန်းလုပ်ငန်းစုပာာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အမှတ် (၁၆) အခန်း (အေ-၂) ပထမထပ် ရန်ကုန်-အင်းစိန်လမ်း၊ (၃) ရပ်ကွက်၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်မြို့နယ်။ အမှတ် (၂/၂၇၈) ဗိုလ်ချုပ်လမ်း၊ (၃) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ( ဇွဲသုခ ပြည်ပအလုပ်အကိုင်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမီတက် လိုင်စင်အမှတ်-၁၁၇/၂၀၀၈ ) ဒီကုမ္ပဏီတွေကိုပါ ထိရောက်တဲ့အရေးယူမှုမျိုး ရှိဖို့လိုသည်၊ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေရဲ့ ပြဿနာတွေကိုကိုင်သွယ်ဖြေရှင်းပေးတဲ့ ပြည်ပအေဂျင်စီ ကိုယ်စားလှယ် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ အလုပ်သမားသံအရာရှိ ကိုစိုးဝင်းလဲ ဒီလိုအေးဂျင်ကုမ္ပဏီတွေကိုလည်း အရေးတယူပြုလုပ်ဖို့လိုတယ်။

ကျနော်တို့ မြန်မာအလုပ်သမားအဖွဲ့(MMRC) က မြန်မာအလုပ်သမားဘက်ကနေပြီတော့ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့တာပါ။ တချို့ မြန်မာအလုပ်သမားတွေဆိုရင် အဖမ်းခံရတဲ့အလုပ်သမားတွေရှိတယ်၊ မစောင့်နိုင်လို့ အောက်လမ်းကနေ ပြန်သွားရတဲ့ အလုပ်သမားတွေအမြောက်အမြားရှိပြီ အဲဒါကြောင့်မို့ ဒီမပာာနန်းနဲ့ ပါဝင်ပတ်သက်တဲ့လူတွေအားလုံးရဲ့ သက်သေအထောက်အထားအားလုံးကို ကျနော်တို့(MMRC)အဖွဲ့မှ အစကတည်းက ဒီသက်သေအထောက်အထားအားလုံးကိုလည်း မလေးရှားအတိုက်ခံပါတီသတင်းဌာန မလေးရှားကီနီပေးအပ်ထားသလို ပါလီမန်လွှတ်တော်အမတ်တွေအထိ လွှဲပြောင်းပေးထားခဲ့ပြီးပြီဟု ကိုလတ်က ပြောပြသွားခဲ့သည်။

ဒီအမှုတွေအားလုံးကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မလေးရှားအလုပ်သမားအဖွဲ့ချုပ် (MTUC) ကနေပြီတော့ မလေးရှားအစိုးရဌာနမှ အားလုံးစုပေါင်းဖွဲ့စည်းထားတဲ့ (KDN)ဌာနနှင့် ၊ မလေးရှားအတိုက်အခံပါတီအထိပါ ၊ မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရှေ့နေကိုယ်တိုင် ဦးဆောင်ပြီတော့ အထက်ဝန်ကြီးဌာနတွေအထိ တင်ပြထားသည်ကိုလည်း မြန်မာအလုပ်သမားအဖွဲ့ (MMRC)ကို အလုပ်သမားရှေ့နေက ပြောပြသွားခဲ့သည်။

( ဒီသတင်းပတ်သက်ပြီတော့ ကျေနပ်မှုမရှိပါက မြန်မာသံရုံးနှင့် စစ်သံရုံး မပာာနန်းအပါအ၀င် ကြိုက်တဲ့ဌာနကနေ တရားစွဲမယ်ဆိုနိုင်ကြောင်းအသိအပ်ပေးသည် လာရောက်ဖြေရှင်းဖို့အတွက် အသင့်ပါ။)
by Whrite MMRC and Thuriya +60163210966 +6012 688 4377”

သူရိယသတင်းဂျာနယ် ( မလေးရှား )

0 မှတ်ချက်များ: