မြန်မာစကားကို နောက်တစ်နှစ်မှာ အကုန်ပြောတတ်ဖို့ ကတိပေးတဲ့ Mikis da Silva (ခ) Mikis Weber

မြန်မာစကားပြောတတ်သူ ဂျာမန်ကောင်လေးအဖြစ် လူမှုကွန်ရက်တွင် သိရှိခဲ့ကြပြီး ပရိသတ်အမြောက်အမြား ရရှိခဲ့သည့် Mikis da Silva (ခ) Mikis Weber က မြန်မာစကားကို လမ်းပေါ်မှာပဲ သင်ခဲ့တယ်လို့ ဆိုပါတယ်။



“Mikis ဗမာစကားကို ဆရာနဲ့သင်တာမဟုတ်။တကယ် လမ်းပေါ်မှာ သင်တာ။လက်ဖက်ရည်ဆိုင်မှာ ၊ လမ်းပေါ်မှာ ၊ သူငယ်ချင်းတွေဆီက သင်တယ်။ဒါကြောင့် Mikis ဗမာစကားပြောတတ်တယ်။ မရေးတတ်ဘူး။အခု ဆရာတစ်ယောက်ရှိနေပြီ။သူက ကကြီး ၊ ခခွေး သင်ပေးနေတယ်။ဒါပေမယ့် ခက်တယ်။အရမ်း အရမ်း လောလို့မရဘူး။စိတ်ကို အေးအေးထားရတယ်။ဒါပေမယ့် ကတိပေးတယ်။ဗမာစကားကို နောက်တစ်နှစ်မှာ အကုန်ပြောတတ်မယ်” ဟု Mikis Weber က Myanmar People Magazine သို့ ပြောသည်။

Mikis da Silva (ခ) Mikis Weber သည် မြန်မာနိုင်ငံကို ၂၀၁၆ခုနှစ် မေလတွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး Visa သက်တမ်းနောက်တစ်နှစ်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။



“Mikis မြန်မာနိုင်ငံမှာ အကြာကြီး အကြာကြီး နေချင်ပါသေးတယ်။ဒါပေမယ့် မပြောတတ်ဘူး။ Visa သက်တမ်းကတော့ နောက်တစ်နှစ်ရှိသေးတယ်။ဒါပေမယ့် အကြာကြီးနေချင်တယ်။အခုထိတော့ ဗမာစကားကို မသိဘူး။တစ်ချို့ စကားလုံးတွေ မပြောတတ်ဘူး။ဒါကြောင့် ကျွန်တော် ခဏခဏတိုင်ပတ်နေတယ်။အင်တာဗျူး အများကြီးရှိတယ်။ရုပ်ရှင်ရိုက်မယ်။ကြော်ငြာရိုက်မယ် ။ဗမာစကားအများကြီးမှတ်ရတယ်။ Mikis ဗမာစကားလုံးတွေ မသိဘူး” ဟု Mikis Weber က Myanmar People Magazine သို့ ပြောသည်။

Mikis da Silva (ခ) Mikis Weber က အိချောပို ၊ ပိုင်ဖြိုးသုတို့နှင့် အောက်တိုဘာလတွင် ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ ရှိပြီး သူ့ဘ၀အစစ်နဲ့ ဇာတ်ကြောင်းတူတယ်လို့ သိရပါတယ်။


Myanmar People Magazine

0 မှတ်ချက်များ: