ဖယ်ရှားခံ ကျူးကျော်နေအိမ်များမှ ပြည်သူအချို့ နေအိမ်ဖျက်ဆီးခံရသည့် နေရာတွင်သာ ရှိနေသေး


လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း သုံးမိုင် တစ်ဖာလုံ အနီးတွင် ဆောက်လုပ်ထားသော ကျူးကျော်တဲအိမ်များကို ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၉ နာရီမှ စတင်၍ ဖယ်ရှားခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ချိန်ထိ ဖယ်ရှားခံ ကျူးကျော်နေအိမ်များမှ ပြည်သူအချို့ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း မရှိသေးဘဲ ဖျက်ဆီးခံရသည့် နေရာတွင်သာ ရှိနေသေးကြောင်း သိရသည်။

ပြည်သူအချို့ကလည်း ၎င်းတို့နေအိမ်ဖယ်ရှင်းလင်း ခံရသည့်အတွက် အိမ်များအာ ဖယ်ရှားရေး ဆောင်ရွက်သော အလုပ်သမားများနှင့် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်ပြောဆိုမူများ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ထိ ကျူးကျော်နေအိမ်များ ဖြိုလှဲမူ မရပ်သေးဘဲ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

Eleven
ဓာတ်ပုံ - ကြည်နိုင်

0 မှတ်ချက်များ: