မြန်မာနိုင်ငံမှ အိမ်အကူလုပ်သားများခေါ်ယူရန် ဟောင်ကောင်ကစီစဉ်နေကြောင်း South Chian morning post သတင်းစာ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသတင်းအရ ဟောင်ကောင်အခြေစိုက် Technic Employment Service Centre အမည်ရှိ အလုပ်သမားရှာဖွေရေးအေဂျင်စီက မြန်မာအမျိုးသမီး အိမ်အကူများကို ခေါ်ယူနိုင်ရေးတွက် မြန်မာ အစိုးရထံတွင် တရားဝင်လိုင်စင်လျှောက်ထားဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကာ တစ်နှစ်လျှင် အိမ် အကူ လုပ်သားဦးရေ ၁၀,၀၀၀ ခန့် ခေါ်ယူနိုင်ဖွယ်ရှိပြီး ယင်းနှင့်စပ်လျဉ်း၍ ဟောင်ကောင်အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးက လိုင်စင်ရရေး အတွက် ဖြစ်နိုင်ဖွယ်ရှိကြောင်း ယင်းသတင်းတွင် ဆက်လက် ဖော်ပြထားသည်။
အဆိုပါအလုပ်သမားအေဂျင်စီ၏ ဒါရိုက်တာဖြစ်သူ Ms. Teresa liu Tsui-lan က “ကျွန်မတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက ဆွေးနွေးနေ တာပါ။ ဒါပေမဲ့ တရားဝင်လိုင်စင်လျှောက်ထားရေးနဲ့ပတ်သက်ပြီး အဆင်မပြေသေးပါဘူး” ဟု ပြော သည်။
ယင်းသတင်းတွင် ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူလုပ်သားများခေါ်ယူရေးအတွက် အဆိုပါအေးဂျင့် Technic Em-ployment Service Centre အေဂျင်စီအနေဖြင့် လာမည့် ဇန်န၀ါရီ လတွင် မြန်မာအစိုးရနှင့် လာရောက်တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကာ အောင်မြင်ပါက ဟောင်ကောင်သို့ အလုပ်လာရောက်လုပ်ကိုင်လိုသော မြန်မာအမျိုးသမီးများအား လေ့ကျင့်ပြင်ဆင်ရေး သင်တန်းကျောင်း ဖွင့်မည်ဖြစ်ကြောင်း Ms. Teresa liu Tsui-lan က ဆိုသည်။
ဟောင်ကောင်၏ အနိမ့်ဆုံးလစာ နှုန်းထားမူဝါဒအရ မြန်မာအိမ်အကူလုပ်သားတစ်ဦးလျှင် အနိမ့်ဆုံး လစာဟောင်ကောင်ဒေါ်လာ ၄,၀၁၀ (၄၄၁,၁၀၀ ကျပ်ဝန်းကျင်) ရရှိနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အထက်ပါကိစ္စနှင့် စပ်လျဉ်းကာမြန်မာအလုပ်သမားအေဂျင်စီတစ်ခုဖြစ်သည့် Apple Management မှ ဒါရိုက်တာ ဦးဝင်းနိုင်ဦးက “ဟောင်ကောင်ကတော့ ဒီကိစ္စကို ခဏခဏလာဆွေးနွေးနေတာ မြန်မာ အေဂျင်စီအများစုကတော့ သဘောမတူပါဘူး။ သူတို့ (ဟောင်ကောင်) ကတော့ စင်ကာပူထက်ပိုလွတ် လပ်မယ်။ တစ်ပတ်ကိုတစ်ရက် အပြင်ထွက်ခွင့်ပေးမယ်ဆိုတာမျိုးတွေတော့ ပြောပါတယ်။လစာကတော့ ဟောင်ကောင်ကပြောတာက စင်ကာပူထက်တော်တော်များပါတယ်။ ကျွန်တော်တော့ သိပ်မယုံချင်ဘူး” ဟု မဇ္ဈိမသို့ပြောသည်။
အိမ်အကူလုပ်သားများစေလွှတ်ခြင်းသည် စက်ရုံလုပ်သားစေလွှတ်ခြင်းထက် အကူအညီပေးရန် ပိုမို ခက်ခဲကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
ဦးဝင်းနိုင်ဦးက “တကယ်လို့ သွားမယ်ဆိုရင်တော့ ဟောင်ကောင်မှာလုပ်ရမယ့် အိမ်လိပ်စာကို သေသေ ချာချာ ပွင့်ပွင့်လင်းလင်းပြောပြမှသွားသင့်တယ်။ အဲဒီလိပ်စာကို မြန်မာဘက်က အေဂျင်စီတွေ အစိုးရ ဌာနတွေကို သေချာဖော်ပြရမယ်။ အရေးရယ် အကြောင်းရယ်ဆို အိမ်အကူလုပ်သားကိုကူညီဖို့က စက်ရုံ လုပ်သားထက်ခက်တယ်။ ဘာလို့လဲဆိုတော့ လိပ်စာတွေက တစ်ခုချင်းစီဖြစ်နေလို့ပါ။ စက်ရုံလုပ်သား က အယောက် ၅၀ လွှတ်လိုက်လဲ လိပ်စာကတစ်ခုတည်းလေ” ဟု ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် မြန်မာအမျိုးသမီး လုပ် သားများအား ပြည်ပသို့စေလွှတ်ခြင်းကို ပြီးခဲ့သည့်နှစ်က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ငါးဦးထက်မနည်း သော မြန်မာလုပ်သားများ တစ်စုတစ်စည်းတည်းလုပ်ကိုင်နိုင်မည့်လုပ်ငန်းမျိုးကိုသာ ခွင့်ပြုထားခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/component/k2/item/16695-2013-12-16-05-25-04
ဟောင်ကောင်က မြန်မာအိမ်အကူများကိုခေါ်ယူရန် စီစဉ်နေ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်