၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ဒီဇင်ဘာ ၁၆ရက် မြန်မာစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်က ယှဉ်ပြိုင်ကစားကြပြီး အင်ဒိုနီးရှားက မြန်မာအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ပွဲချိန် ၃၄ မိနစ်မှာ မြန်မာဂိုးသမား ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ အင်ဒိုနီးရှားအသင်း ပင်နယ်တီ ရရှိပြီး ပင်နယ်တီကို အင်ဒိုနီးရှားက ကျောနံပါတ် ၂၆ က ဂိုးညာဘက်ထောင့်ကို ကန်သွင်းခဲ့တာပါ။
ချေပဂိုး ပြန်မသွင်းနိုင်ခဲ့တဲ့ မြန်မာ အမျိုးသား ဘောလုံးအသင်းဟာ ဆီးမီးဖိုင်နယ်တက်ခွင့်နဲ့လည်း လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။
DVB
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်