မယ်စကြ၀ဠာ ဟောင်း ၊ ဗင်နီဇွဲလား မယ် လုယက် သတ်ဖြတ်ခံရ

မယ်စကြ၀ဠာ ဟောင်း ဖြစ်သူ  ဗင်နီဇွဲလား မယ် မော်နီကာ စပီးယား နဲ့  ခင်ပွန်း ဖြစ်သူ
ကို ဓားပြ တွေ က လုယက် မှု ပြု လုပ် ပြီး နောက် ပစ်သတ် သွား ခဲ့ ပါတယ်။

အသက် ၂၉ နှစ် အရွယ် မော်နီကာ စပီးယား နဲ့  ဗြိတိသျှ နိုင်ငံ သား အသက် ၃၉ နှစ်
အရွယ် ခင်ပွန်း Thomas Henry Berry  တို့  ဟာ အားလပ်ရက် ဗင်နီဇွဲလား နိုင်ငံ
အနောက် ပိုင်း က တောင်ပေါ် ဗလင်ဆီယာ ကို ခရီး ထွက် ပြီး မြို့  တော် ကာရာ ကတ်(စ) ကို အပြန်
မှာ ဓားပြ တွေ က မော်တော် ကား ကို လမ်းမှာ တာယာပေါက်ကွဲ ထွက် နိုင်တဲ့ အရာ နဲ့  တား
ဆီးပြီး ၊ ပစ္စည်း လုယု ကာ သတ်ဖြတ် သွားတာ ဖြစ် ပါတယ်။

(ဗင်နီးဇွဲလား က လာ တဲ့ အချို့  သတင်း တွေ မှာ တော့ သူတို့  မော်တော်ကား စက်ပျက်
တာ ကြောင့် အကူ အညီ ပေး မယ့် ယာဉ် အလာကို စောင့် နေစဉ် မှာ ဓားပြ တွေ ရောက်လာပြီး
သတ်ဖြတ် သွားတာ လို့  ဆိုပါတယ်)

အသက် ငါးနှစ် အရွယ် သူတို့  ရဲ့ သမီးလေး က တော့ ခြေထောက် မှာ ဒဏ်ရာ ရ ရှိ ပြီး ဆေးရုံ
မှာ တက်ရောက် ကုသခံ နေကာ ကျန်းမာရေး အတွက် စိုးရိမ်စရာ မရှိ ဘူး လို့  ဆို ပါတယ်။

၂၀၀၅ ခုနှစ် ပြိုင်ပွဲ မှာ ပဉ္စမ နေရာ ထိ ရောက်ရှိ ယှဉ်ပြိုင် နိုင်ခဲ့တဲ့ မော်နီကာ စပီးယား ဟာ အမေရိကန်
နိုင်ငံ ကာ စပိန် စကား ပြော ရုပ်သံ တယ်လီ မွန်ဒို ရဲ့ ရုပ်သံ ဇာတ်လမ်း တွေ မှာ သရုပ် ဆောင် နေသူ
လည်း ဖြစ်ပါတယ်။

အများ အား ဖြင့် အမေရိကန် မှာ နေထိုင် ပြီး ရံဖန် ရံခါ မှ သာ ဗင်နီဇွဲလား ကို ပြန်သာ ဖြစ် ပြီး
နှစ်သစ်ကူး အားလပ်ရက် ဗင်နီဇွဲလား ကို ပြန်စဉ် အခု လို အဖြစ် ဆိုး နဲ့  ကြုံရတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား မှာ သမ္မတ ဟူးဂိုး ချာဗက်ဇ် (Hugo Chavez) ၁၅ နှစ်ကြာ အုပ်ချုပ် စဉ် နိုင်ငံ ဟာ ရာ
ဇ၀တ် မှု တွေ ထူပြော လာတယ် လို့  ကာရာကတ်(စ) က နိုင်ငံခြား သံတမန် တွေ က ထောက်ပြ
ပါတယ်။

ပြန်ပေးဆွဲ မှု ၊ လုယက်မှု ၊ သတ်ဖြတ် မှု တွေ ဟာ သမ္မတ သစ် နီကိုလပ်(စ) မာဒူရို လက်ထက် မှာ
လည်း ဆက် လက် ဖြစ်ပေါ် ဆဲ ဖြစ် ပါတယ်။

ဗင်နီဇွဲလား ပြည်သူ တွေ က တော့ ဒီသတ်ဖြတ်မှု ကြောင့် အထူး ပင် တုန်လှုပ်နေကြ တယ် လို့  ကရာ
ကတ်(စ) က လာတဲ့ အေပီ သတင်း မှာ ဖော် ပြထား ပါတယ်။

မော်နီကာ စပီးယား နဲ့  ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် တယ် လို့  ယူဆရ တဲ့ သံသယ ရှိသူ ငါးဦး
ကို စစ်မေးနေတယ် လို့  ကာရာဘိုဘို က ရဲ က  ပြော ပါတယ်။

ဒေါသ ထွက်နေတဲ့ ပြည်သူ ကို နှစ် သိမ့် တဲ့ အနေနဲ့  သမ္မတ  နီကိုလပ်(စ) မာဒူရို က တော့ အပြစ်
ရှိ သူ တွေ ကို ရအောင် ဖမ်းမယ် လို့  ကြုံးဝါးထား ပါတယ်။

Miss Venezuela, Miss Universe, Caracas, Monica Spear

http://freedomnewsgroup.com/2014/01/08/venezuela/

0 မှတ်ချက်များ: