MYANMAR ONLINE MEDIA GROUPမှ ပေးပို့သော နှစ်သစ်ဆုတောင်း သ၀ဏ်လွှာ

Myanmar Online Media Group မှ ကမ္ဘာ့ရွာကလေးမီဒီယာနှင့် ကမ္ဘာ့ရွာကလေးသတင်းဝက်ဘ်ဆိုက်ဒ်၏ သတင်းချစ်သူ စာဖတ်ပရိတ်သတ်များအားလုံးထံသို့ ပေးပို့သော နှစ်သစ်ဆုတောင်း သ၀ဏ်လွှာ

၁။    ကမ္ဘာ့ရွာကလေးမီဒီယာမှ Eric Kim နှင့်တကွ အခြားသော အဖွဲ့ဝင်များ မိတ်ဆွေသူငယ်ချင်းများ၊ ကမ္ဘာ့ရွာကလေးသတင်းဆိုက်မှ သတင်းများအား ပြည်သူလူထုထံသို့ အချိန်နှင့်တစ်ပြေးညီ သိရှိခွင့် ရစေရန် သတင်းကူးယူတင်ဆက်ခွင့်ပေးထားသော ပြည်တွင်း ပြည်ပသတင်းမီဒီယာများအားလုံးနှင့် အမှန်တရားချစ်မြတ်နိုးသူနှင့် အများကို မျှဝေပေးစေလိုသည့် သတင်းပေးသူ တာဝန်သိ ပြည်သူများအားလုံး သတင်းချစ်သူ စာဖတ်ပရိတ်သတ်များအားလုံး ၂၀၁၄ခုနှစ်၏ နှစ်သစ်အခါသမယတွင် ကိုယ်စိတ် နှလုံး ကျန်းမာ ချမ်းသာ ၀မ်းမြောက်ပါစေကြောင်းနှင့် သတင်းနှင့် အမှန်တရားများ၊ ပြည်သူ့အသံများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သိရှိခံစားပိုင်ခွင့် အစရှိသော လူ့အခွင့်အရေးများ၊ ဥပဒေကို လက်တစ်လုံးခြား (၀ါ) ငွေကြေးဖြင့် ဥပဒေကို ကျောခိုင်း ၀န်ထမ်းများအပေါ် ဖိနှိပ်ချုပ်ချယ်နေသော ခရိုနီ အလုပ်ရှင်များ၏ ဒုက္ခများမှ ကင်းရှင်စေပါကြောင်း ဆုမွန်ကောင်းတောင်း တောင်းဆုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

၂။     Myanmar Online Media Groupမှ နှစ်သစ်တွင် ၀န်ထမ်းများအပေါ်တွင် မတရားဖိနှိပ်ချုပ်ချယ်နေသော ဥပဒေအထက်တွင် ရှိနေသည့် ရုံးစည်းကမ်းများအား ပယ်ဖျက်ပေးရန်နှင့် အလုပ်သမား ဥပဒေအတိုင်း တာဝန်များပေးအပ်ခြင်းနှင့် ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များပေးအပ်ခြင်းများကို သက်ဆိုင်ရာ မြန်မာနိုင်ငံအတွင်းရှိ အလုပ်ရှင်များအားလုံးမှ ကိုယ်ချင်းစာတရားရှေ့ထား၍ လူပီသသော စိတ်ဓာတ်များဖြင့် ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှလည်း စိစ်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် နှစ်သစ်တွင် ပြည်သူများကိုယ်စား ပြည်သူ့သားကောင်း စတုတ္ထမဏ္ဍိုင်တစ်ရပ်အနေဖြင့် တောင်းဆိုအပ်ပါသည်။

၃။     Myanmar Online Media Groupမှလည်း ၀န်ထမ်းများအပေါ် မတရားဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေအထက်တွင် ရှိနေသည့် ရုံးစည်းကမ်းများနှင့် လစာဖြတ်တောက်မှုများအပေါ် လူလူချင်း နိုင်းထက်စီးနင်းပြုလုပ်သည့် ဘာသာတရားများ၏ အဆုံးမများနှင့် ဆန့်ကျင်နေသည့် လူမဆန်သည့် လူမပီသသော လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ နှစ်သစ်တွင် အကျင့်ဟောင်းများ ထားခဲ့ပြီး လူပီသသော စိတ်ဓာတ်များဖြင့် ပြုပြင်ပြောင်းလဲရန် တိုက်တွန်းအပ်ပါသည်။

၎။     Myanmar Online Media Groupမှ ခရိုနီများအား ပြင်းထန်စွာ ကန့်ကွက် ဆန့်ကျင်ပြီး ခရိုနီများနှင့် ဆက်ဆံမှုများအား ဖြတ်တောက် ရပ်ဆိုင်းပစ်မည်ဖြစ်ပြီး ပြည်သူအားလုံးကိုလည်း လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

Myanmar Online Media Group

0 မှတ်ချက်များ: