ည(၆)နာရီက စတင်လောင်ကျွမ်းနေတဲ့ တောင်ငူ မြို့မဈေးကြီး မီးလောင်မှုဟာ အခု ည(၁၀)နာရီမှာ မီးညွှန့်ကျိုးသလောက် ရှိနေပြီး တောင်ငူခရိုင်ထဲက မီးသတ်ကားတွေအပြင် ပဲခူးခရိုင်နဲ့ နေပြည်တော်တို့က မီးသတ်ကားတွေပါ လာရောက်ငြိမ်းသတ်နေကြောင်း၊ တောင်ငူ ရဲတပ်ရင်း(၁၁)က ရဲတပ်ဖွဲ့ဝင်များနဲ့ တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်မတော်သား ၅၀၀ကျော်တို့ကလည် ကူညီငြိမ်းသတ်နေကြကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။
သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ) DVB
သိန်းပေါင်းသိန်းချီဆုံးရှုံးမည်ခန့်မှန်းသည့်တောင်ငူဗဟိုမြို့မဈေးကြီးမီးလောင်မှု
-----------------------------------
တောင်ငူ-ဖေဖော်ဝါရီ၁၃
ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိဗဟိုမြို့မဈေးကြီးမီးလောင်ကျွမ်းခြင်း၌သိန်းပေါင်း သိန်းချီဆုံးရှုံးမူရှိမည်ဟုအဆိုပါဈေးမီးတွင်ဆိုင်ခန်းဆုံးရှုံးရသူတစ်ဦးကခန့်မှန်းပြောဆိုပါသည်။
`ညနေ၆နာရီကလောင်တဲ့မီးက ည၈နာရီမှမီးညွှန့်ကျိုးတော့ရစရာမရှိအောင်ဆုံးရှုံးရတယ်ခရိုင်မြို့တစ်မြို့အနေနဲ့မီးသတ်ကားမလုံလောက်လို့အဲ့ဒီလောက်မီးကြီးရတာ သိန်းပေါင်းသိန်းချီဆုံးရှုံးမူရှိမယ်` ဟု၎င်းကဆိုသည်။
ယနေ့ညနေ၆နာရီမှာစတင်လောင်ကျွမ်းသောအဆိုပါမီးသင့်မူအတွက်တစ်မြို့လုံး ယူကြုံးမရရှိကြရကြောင်းကိုတောင်ငူမြို့သားအနုပညာရှင်တစ်ဦးကလည်း `၁၉၇၉ တုန်းကတစ်ခါ အခုကဒုတိယအကြိမ်ပါ။ တောင်ငူမြို့ရဲ့အသည်းနှလုံးလိုဖြစ်တဲ့ ဗဟိုမြို့မဈေးကြီးမီးလောင်ဆုံးရှုံးတယ်ကြားတော့တစ်အားစိတ်ထိခိုက်ပါတယ်`ဟု ပေါ်ပြူလာသို့ဖြေကြားပါသည်။
`အခုည ၁၀နာရီခွဲခါနီးအထိ မီးသတ်ကားတွေက ဥဒဟိုသွားနေတုန်းပဲမီးညွှန်ကျိုးတာကတော့ ၈နာရီကျော်ကျော်လောက်ကတည်းကဆိုတော့မြို့ထဲလူနေအိမ်တွေဘက်မကူးတော့
တာပဲကံကောင်း။ စလောင်ချိန်ကဈေးပိတ်ပြီးပေမယ့် အထဲမှာသိမ်းဆည်းနေတဲ့ဈေးသည်တစ်ချို့ကျန်နေရှိနေသေးတာ။ စလောင်လောင်ချင်း နာရီဝက်လောက်အတွင်းမီးကို နိုင်သင့်ပါရဲ့နဲ့ မငြိမ်းနိုင်တာကို လူတွေဖြေမဆည်နိုင်ကြဘူးဖြစ်ကြတာ။ ၀ါယာရှော့လို့တော့ပြောမှာပဲ။ အဓိကကတော့ ဈေးရဲ့အင်္ဂါ ရပ်နဲ့အညီမီးဘေးကြိုတင်ကာကွယ်မူ စည်းစနစ်မရှိလို့ဆုံးရှုံးမူကြီး
ရတာ`ဟုရပ်မိရပ်ဖတစ်ဦးကဆိုပါသည်။
Popular News
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်