မော်ဒယ် ကောင်းမြတ်ဟိန်း သေဆုံးမှု CID ပြောင်းကိုင်ပြီ

Mister & Miss University ပြိုင်ပွဲဝင် မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသေဆုံးမှု၌ အမှုမှန်ပေါ်ပေါက်ရေး CID နှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်လျက်
ရှိရာ ယခုအခါ ဃှီု မှ သီးသန့်လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။

ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် မြို့တော်ဂေါက်ကွင်း ဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ မည်ကဲ့သို့သေဆုံးခြင်းကို အမှုမှန်ပေါ်ပေါက်စေရန် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာမှ ယခုကဲ့သို့ CID လွှဲပြောင်းယူ လိုက်ခြင်းဖြစ်ကြောင်း CID (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

'အင်းစိန်မြို့နယ်တရားရုံးကို တရားဝင်တင်ထားပြီ။ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်တွေလဲ အကုန်လုံးထွက်နေပြီ၊ ရုံးကိုအကုန်ပေါင်း တင်ထားတယ်။ မတ်လ ၄ ရက်ကို ရုံးချိန်းရှိတယ်။ အဲဒီနေ့ကျမှပဲ တရားဝင်စကားတွေကို ထုတ်ပြောလို့ရမယ်'ဟု CID (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Mister & Miss University ပြိုင်ပွဲဝင်ရန်အ တွက် August Myanmar ကုမ္ပဏီမှတာဝန်ယူ၍ စခန်း သွင်း လေ့ကျင့်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

'' CID က လွှဲပြောင်းကိုင်လိုက်ပြီလို့ အကြောင်း ကြားထားတယ်။ သူတို့ မတ်လ ၄ ရက်ကို ရုံးချိန်းလို့ ပြောပါတယ်။ ဆရာဝန်ဆေးစစ်ချက်ကိုတော့ အကြမ်း ဖျင်းတော့ပြောထားပြီ အသေးစိတ်တော့ မသိရသေး ဘူး။ ရုံးချိန်းနေ့မှ သိရမယ်ထင်တယ်''ဟု မော်ဒယ်ကောင်း မြတ်ဟိန်း၏ အစ်ကို ကိုအောင်ကိုကိုက ပြောသည်။

အဆိုပါ CID မှ လွှဲပြောင်းကိုင်လိုက်ကြောင်း ကို August Myanmar ကုမ္ပဏီမှ မသိရှိသေးကြောင်း၊ ရုံးချိန်းရက်ကိုလည်း မသိရှိကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ အကြောင်းကြားခြင်းမရှိသေးကြောင်း August Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Mister & Miss University ပြိုင်ပွဲဝင်ရန် ယောက်ျားလေး ၁၈ ဦး၊ မိန်းခလေး ၁၈ ဦးတို့ မြို့တော် ဂေါက်ကွင်းဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့်နေရာမှ ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် ပြိုင်ပွဲဝင်များနှင့်အတူ ရေဆင်းကူးပြီး ၅ နာရီခွဲခန့်တွင် ရေကူးနေသူအားလုံး ရေကူးကန်မှတက်သွားကြပြီး နေ့စဉ်ပြုလုပ်သည့် ည ၆ နာရီအစည်းအဝေးသို့ တက်ရောက်ခြင်းမရှိဘဲ ကောင်း မြတ်ဟိန်းမှာ စတင်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့ ည ၁၂ နာရီအချိန်ခန့်တွင်မှ ဟိုတယ်လုံခြုံရေးဝန်ထမ်းမှ ¤င်း၏အလောင်းအား ရေ ကူးကန်အတွင်းမှ ပြန်လည်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

-----------------------------------------------------------

( Flower News Journal အတွဲ ၁၀ အမှတ် ၉ )

Post by Flower News Journal

-----------------------------------------------------------

0 မှတ်ချက်များ: