အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်ကို သုံးစွဲပြီး မည်သည့်အမှု ကိစ္စမျိုးကိုမျှ မလုပ်ဆောင်ကြရန် နှင့် မြန်မာပြည်အနှံ့အပြား စိုက် ထူထားသော မဘသအဖွဲ့ဆိုင်း ဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဖြုတ်သိမ်းပေးရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန)က မေလ ၂၃ ရက် စွဲဖြင့် ထုတ်ပြန်သည်။
၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် မဘသအဖွဲ့၏ (၃)နှစ်ပြည့်နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်လာသော သံဃာများ (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ) |
နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ (မဟန) ၄၇ ပါးစုံညီ သတ္တမအကြိမ် အထူးအစည်းအဝေးကို မေလ ၂၃ ရက်တွင် ပြုလုပ်ကာ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မဟနအဖွဲ့၏ ၂၀၁၆ ဇူလိုင် ၁၁ ရက် ကပြုလုပ်သည့် ၄၇ ပါးစုံညီ အထူးအစည်းအဝေး ဆုံး ဖြတ်ချက်များကို မဘသအဖွဲ့က လိုက်နာခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
အမျိုးဘာသာသနာစောင့် ရှောက်ရေးအဖွဲ့ အမည်ခံပုဂ္ဂိုလ် များသည် တစ်ဦးချင်းဖြစ်စေ၊ အ ဖွဲ့လိုက်ဖြစ်စေ မဘသအမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကို မျှ ဆောင်ရွက်ခြင်းမပြုလုပ်ရန် မဟနက ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ထို့အပြင် ဆုံးဖြတ်ချက်များ ကို လိုက်နာခြင်းမရှိပါက ရဟန်း ပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အ စည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများ ဖြင့် အရေးယူပေးရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုဆုံးဖြတ်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံး အရေးယူပေးရန် မဟနက ထပ်မံ ထုတ်ပြန်ထားသည်။
မဟန ဆရာတော်ကြီးများ ၏ ဆုံးဖြတ်ချက်များကို လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း မဘသဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဒုဥက္ကဋ္ဌ ဆရာတော်ကြီးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိ သည်။ယင်းဆုံးဖြတ်ချက်ကို လိုက် နာဆောင်ရွက်မည်ဖြစ်ကြောင်း မဘသဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများ က မဟနအဖွဲ့၏ ဘုရားခန်းခန်းမ တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မဟနအဖွဲ့က ထပ်မံထုတ်ပြန် ထားသည်။
မဟနဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်ကြောင့် မေလ ၂၇ ရက်၊ ၂၈ ရက်တွင် ကျင်းပပြုလုပ် မည့် မဘသလေးနှစ်ပြည့်ညီလာ ခံကို ကျင်းပတော့မည်မဟုတ်ဘဲ ယင်းရက်များ၌ အသိပေးရှင်း လင်းပွဲပြုလုပ်မည်ဖြစ်၍ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မဘသအဖွဲ့ ဝင်များ မဖြစ်မနေ တက်ရောက် ကြရန် မဘသအဖွဲ့က မေလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
‘‘ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဦးပဉ္စင်းက ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်လို့မရဘူး။ အစည်းအဝေးခေါ်ပြီးတော့ ဆုံးဖြတ်မှာ ပါ။ အခု ၂၇၊ ၂၈ ရက်မှာ အစည်းအဝေးခေါ်ပြီး ဆွေးနွေးသွားမှာပါ’’ ဟု မဘသအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော် ဒေါက်တာ သောပါကက မိန့်ကြားသည်။
ရဟန်းနှင့် လူပုဂ္ဂိုလ်များ ပူး ပေါင်းပါဝင်ဖွဲ့စည်းထားသည့် မဘသ အဖွဲ့ကို ၂၀၁၃ ဇွန်လ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်