မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်၍ မသင်္ကာသည့် ကျေးရွာများကို စစ်ဆေးနေ

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသတွင် အ ကြမ်းဖက်မှုများ ထပ်မံမဖြစ် ပွားစေရန် လုံခြုံရေးတိုးမြှင့်၍ မသင်္ကာသည့်ကျေးရွာများကို နယ်စပ်လုံခြုံရေး တာဝန်ရှိသူများ နှင့် ရွာသားများပူးပေါင်းကာ စစ် ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
မောင်တောခရိုင် ဘူးသီး တောင်မြို့နယ် သဲနီကျေးရွာအနီး တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆို ပါနေရာအနီးမှ လက်လုပ်မိုင်းပြု လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းကြောင့် ဒေသခံအများစုက လုံခြုံရေးအ ပေါ် စိုးရိမ်မှုမြင့်တက်နေသည်။
‘‘သတင်းတွေ မပြတ်တမ်း နားထောင်နေပါတယ်။ လက်ရှိ မှာလည်း မသင်္ကာတဲ့ ကျေးရွာ တွေကို ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ဒီလိုလုပ်တဲ့ အခါ ဒေသနေသူတွေက ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်’’ဟု မောင်တောအခြေစိုက်လုံခြုံရေး တာဝန်ယူထားသည့် လုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။
မောင်တောမြို့နယ် တောင် ပိုင်းတွင် နာမည်ကြီးနေသည့် ဓား ပြခေါင်းဆောင် အဒူလာကိန်း၏ အစ်ကိုကို နယ်စပ်လုံခြုံရေးတာ ၀န်ရှိသူများနှင့် ရွာသားများက မေလ ၈ ရက်က ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီးနောက် ဓားပြအဖွဲ့က ရွာသားများကို ခြိမ်းခြောက်မှုအချို့ရှိနေ ကြောင်း ဆူရာခါလီကျေးရွာအုပ် စုတာဝန်ခံက ပြောသည်။
လက်ရှိတွင် မောင်တော ခရိုင်အတွင်း ကျေးလက်နှင့် မြို့ ပေါ်အကြား လူနှင့်ကုန်စည်ကူး သန်းသွားလာမှု ပုံမှန်အတိုင်းရှိနေသော်လည်း ညအချိန်တွင် မကြာခဏဓားပြ၀င်တိုက်ခြင်း၊ လူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံနေရသည်။ 
7 Day Daily

0 မှတ်ချက်များ: