ဒီကနေ့ မနက် ၁၂ နာရီ ၄၁ မိနစ်မှာ ကွာလာမ်လမ်ပူလေဆိပ်ကနေ ပေကျင်းသိုထွက်ခွာတဲ့ မလေးရှားလေကြောင်းလိုင်း MH370 ဟာ ထွက်ခွာပြီး ၂ နာရီအကြာမှာ အဆက်အသွယ်ပြတ်သွားတယ်လို့  မလေးရှားလေကြောင်းလိုင်းမှ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။
ခရီးသည် ၂၂၇ ယောက်နဲ့ အမှုထမ်း ၁၂ ယောက်ပါတဲ့ အဆိုပါလေယာဉ်ဟာ Boeing 777-200 အမျိုးအစားဖြစ်ပြီး ကွာလာမ်လမ်ပူမှ မနက် ၁၂း၄၁ ထွက်ခွာကာ ပေကျင်းသို့ ဒေသစံတော်ချိန် မနက် ၆း၃၀ မှာ ဆိုက်ရောက်ရမှာဖြစ်ပြီး ၃၇၀၀ ကီလိုမီတာကွာဝေး၍ ၇နာရီခွဲခန့် ကြာမြင့်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၃ နိုင်ငံမှခရီးသည်များတင်ဆောင်သွားတဲ့ အဆိုပါလေယာဉ်မှာ တရုပ်နှင့် ထိုင်ဝမ်မှ ၁၅၄ ဦး၊ မလေးရှား ၃၈ ဦး၊ အင်ဒိုနီးရှား ၁၂ ဦး၊ သြစတေးလျ ၇ ဦး၊ ပြင်သစ် ၃ ဦး၊ အမေရိကန် ၄ဦး၊ နယူးဇီလန် ၂ ဦး၊ ယူကရိန်း ၂ ဦး၊ ကနေဒါ ၂ ဦး၊ ရုရှ ၁ ဦး၊ အီတလီ ၁ ဦး၊ နယ်သာလန် ၁ ဦးနဲ့  သြစတီးယား ၁ ဦးတို့ ဖြစ်ပြီး ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
မလေးရှားလူမျိုး ကပ္ပတိန် Cap. Zaharie Ahmad Shah, ၅၃ နှစ်ဦးဆောင်ပြီး ၄င်းဟာ နာရီပေါင်း ၁၈၃၆၅ ပျံသန်းအတွေ့ အကြုံရှိသူဖြစ်ပြီး မလေးရှားလေကြောင်းမှာ ၁၉၈၁ ခုနှစ်ကတည်းက အလုပ်ဝင်သူဖြစ်ကြောင်းနဲ့  ပထမ အော့ဖစ်ဆာကတော့ မလေးရှားလူမျိုး Fariq Ab.Hamid , ၂၇နှစ်ဖြစ်ပြီး နာရီပေါင်း ၂၇၆၃ ပျံသန်းအတွေ့ အကြုံရှိသူဖြစ်ကာ ၂၀၀၇ ခုနှစ်မှစ၍ လေကြောင်းလိုင်းမှာ အလုပ်ဝင်သူဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းဝက်ဆိုက်မှ ဆိုပါတယ်။
ယခု နောက်ဆုံးသတင်းများအရ အဆိုပါလေယာဉ်ဟာ ဗီယက်နမ်အနီး တောင်တရုပ်ပင်လယ်အတွင်းသို့ ထိုးကျသွားနိုင်ဖွယ်ရှိပြီး ရှာဖွေမှုများ ပြုလုပ်နေတယ်လို့ အဆိုပါဝက်ဆိုက်မှ သတင်းထုတ်ပြန်ပါတယ်။
http://www.malaysiaairlines.com/
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်