(မကွေး၊ ဇွန် ၁၆ )
ကန့်ကွက် တားဆီးခြင်းများ ပြု လုပ်ခံခဲ့ ရသော်လည်း မကွေး မြို့နယ် အတွင်း အကြောင်း အမျိုးမျိုးဖြင့် လယ် ယာမြေများ သိမ်းဆည်း ခံထားရသော တောင်သူများ စုပေါင်း၍ ဇွန်လ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီတန်း လှည့်လည်ခြင်း မပြုရန် ဒေသအုပ်ချုပ်ရေး ပိုင်းမှ ခေါ်ယူ ညှိနှိုင်း ခြင်း၊ ကန့်ကွက် တားဆီးခြင်းများ ပြုလုပ် ခဲ့သော်လည်း အာမခံချက် မရှိသည့် အတွက် ဆန္ဒပြ ပွဲပြုလုပ်သည်ဟု ဆန္ဒထုတ် ဖော်သော တောင်သူ များပြောကြသည်။
‘ခရိုင် အုပ်ချုပ်ရေးမှူး တို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့က ဦးဆောင်တဲ့ သူ ၁၁ ဦးကို ခေါ်ညှိနှိုင်းတယ်။ ဖုန်းဆက် ပြောတယ်။ တစ်ဧက ကို ၈ သိန်းနှုန်းပေး မယ်ပေါ့။ ဆန္ဒ မပြပါနဲ့လို့ ညှိတယ်။ ငွေပေးမှာကျ အာမခံတာလည်း မရှိဘူး၊ ဘယ်တုန်း ကမှလည်း ဖြေရှင်းပေးတာ မရှိဘူး။ ကျွန်တော်တို့ ကတော့ စီတန်း လှည့်လည် ဆန္ဒပြမယ်”ဟု ဆားတိုင်ကန် ကျေးရွာသားတစ်ဦးကပြောပါသည်။
မကွေးလေတပ် စခန်း၊ သင်ကြား ရေးဆေးရုံ၊ မကွေး ဆေးတက္ကသိုလ်၊ ရထားလမ်း၊ ဓာတ်ငွေ့ပိုက် လိုင်းများ အတွက် သိမ်းဆည်း ခံထားရသော ရွာပေါင်း ၁၆ ရွာ မှ တောင်သူများ ပါဝင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သော မေလ ၂၂ ရက်နေ့က လည်း မကွေး မြို့နယ် ကြာကန်ကျေး ရွာတွင် တစ်ကြိမ် တောင်သူများ ဆန္ဒဖော် ထုတ် ပွဲပြုလုပ် ခဲ့သည်ဟု သိရသည်။
ရှေ့နေ ကိုဖိုးဖြူအားမေးမြန်းရာ တွင် မြေသိမ်းထားသူများ၊ ခရိုနီများကို အကာအကွယ် ဖြစ်စေသည့် မြေပိုင်ဆိုင်မှုများ ပြုလုပ်ပေး ထားခြင်းကြောင့် တရားရုံးများ တွင် ပြန်လည် ထုခြေခွင့် ရရှိနေမှုသည် တောင်သူများ အတွက် တရားဥပဒေ၏ အကာအကွယ်မဲ့ သလို ဖြစ်နေသည်ဟု ဆိုပါသည်။
”ဒီတော့တောင်သူတွေ လမ်းပေါ် မရောက်သင့်ဘဲ ဆန္ဒပြတာတွေ ပေါ် ပေါက်လာတာ ပေါ့ဗျာ”ဟု ဆက်လက် ပြောဆိုပါသည်။
တောင်သူများ ဆုံးရှုံး နစ်နာနေမှု များ၊ ပိုလျှံမြေများ ပြန်လည် ရရှိရေးမှာ မြေသိမ်းနိုင်ရန် ဥပဒေမဲ့ စီမံဆောင်ရွက် ပေးခဲ့သော တာဝန်ရှိ သူများကို တရား စွဲဆို အပြစ်ပေးမှု များပြုလုပ်နိုင်မှသာ ဖြစ်မည်ဟု ထင်မြင် ယူဆချက် ကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဆန္ဒပြတောင်သူ များက တားဆီး မှုတွေ ရှိနေသော်လည်း အခက်အခဲများ ကို ကျော်လွှား၍ ဆုံးရှုံး နစ်နာနေမှုများ ပြေလည်သည်ထိ ကြိုးစားဆောင်ရွက် သွားမည်၊ ဆန္ဒဖော် ထုတ်ပွဲများ ဆက် လက်ပြုလုပ် သွားမည်ဟု ပြောသည်။
ဦးမင်း
ကန့်ကွက် တားဆီးခြင်းများ ပြုလုပ်ခံခဲ့ ရသော်လည်း ဆန္ဒထုတ်ဖော်ပွဲ မကွေးတောင်သူ များ ပြုလုပ်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်