စင်ကာပူသို့ အိမ်အကူလုပ်သား တစ်ရာကျော်သာ စေလွှတ်ထားဟုဆို

စင်ကာပူနိုင်ငံသို့ အိမ် အကူလုပ်သားအဖြစ် တရားဝင် ခွင့်ပြုထားသော မြန်မာအမျိုး သမီး အိမ်အကူ အလုပ်သမား တစ်ရာကျော်သာ စေလွှတ်ထား ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားတရားဝင်စေလွှတ်ခွင့် ကို ပြီးခဲ့သည့် ၂၀၁၃ က မြန်မာ အစိုးရကတရားဝင်ခွင့်ပြုပေးခဲ့ရာ ယခုနှစ် ဇူလိုင်အထိလူ ၁၂၃ ဦးသာ တရားဝင် စေလွှတ်ထား ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းက စင်ကာပူ နိုင်ငံရှိ ဈေးဝယ်စင်တာတို့တွင် အိမ်အကူလုပ်သားများကို ရောင်း ကုန်အဖြစ် စင်ကာပူအေးဂျင့်အချို့က ရောင်းချနေကြောင်း  စင်ကာပူနိုင်ငံ သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

‘‘မြန်မာသံရုံးက တစ်ဆင့် ဆက်သွယ်ပြီးပဲ လုပ်လို့ရတယ်။ သံရုံးကိုတော့ အိမ်အကူ အလုပ် သမားစာရင်း တင်ထားတယ်။ တရားဝင်စာရင်းက ၁၂၃ ဦးပဲ ရှိ တယ်။ သူတို့ရဲ့ လိပ်စာအချက် အလက်တွေ ပို့ပေးထားတယ်။ တရားမ၀င်သွားတဲ့သူတွေကို အ ထောက်အထားထုတ်ပေးဖို့ ကိစ္စ က ဟိုဘက်က အစိုးရနဲ့ မြန်မာသံ ရုံးတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ လုပ် လို့ရမှာ’’ ဟု ဦးမျိုးအောင်က ပြောကြားသည်။

ယင်းအိမ်အကူ လုပ်သား များတွင် မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အမျိုးသမီးလုပ်သား များဖြစ်ပြီး ၎င်းတို့အနက် မြန်မာ အလုပ်သမား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ထားကြောင်း သိရသည်။ သို့သော် မြန်မာအစိုးရ တရား ၀င်ခွင့်ပြုထားသည့် လုပ်သားစာ ရင်းမှာ တစ်ရာကျော်သာရှိပြီး လက်ရှိ စင်ကာပူနိုင်ငံတွင် မြန်မာ အိမ်အကူလုပ်သား သုံးသောင်း ခန့်ရှိကြောင်း သတင်းရရှိသည်။

ယင်းကိစ္စဖြင့် ပတ်သက်၍ စင်ကာပူရှိ မြန်မာသံရုံးနှင့် ဖိလစ် ပိုင် အစိုးရတို့က စုံစမ်းဖော်ထုတ် မှုများ ပြုလုပ်လျက်ရှိပြီး ဇူလိုင် ၃ ရက်က စင်ကာပူသံရုံးမှ ယင်းဖြစ် စဉ်နှင့်ပတ်သက်၍ ဈေးဝယ်စင် တာတို့တွင် သွားရောက်လေ့လာ စစ်ဆေးခဲ့သည့်အခါ နိုင်ငံခြား အိမ်အကူလုပ်သားများကို ပြသ ရောင်းချခြင်း မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

http://www.7daydaily.com/story/15002#.U7ftKYNuvJs

0 မှတ်ချက်များ: