မကြာခင်ပြန်လာမယ်လို့ သတင်းစကားပါးတဲ့ ရဲတိုက်

တောင်ငူအကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံနေရ သော သရုပ်ဆောင် ရဲတိုက်က ပရိသတ်များထံ မကြာမီ ပြန်လာ မည့်အကြောင်း   ရေးသားထား သည့်စာကို ဆာတိုရီရုပ်ရှင်ထုတ် လုပ်ရေး၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် ပရိသတ်ထံ သတင်း စကားပါးခဲ့သည်။

ဓာတ်ပုံ−စိုင်းဇော်
‘‘ကျွန်တော် မကြာခင်မှာ ပြန်လာခဲ့ပါမယ်။ အားလုံးကို လွမ်းတတ်ခဲ့ပါပြီ...ရဲတိုက်’’ ဟု ရေး သားထားသည့်စာကို ဆာတိုရီ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေလ ၉ ရက်က ဖော်ပြခဲ့ရာ ပရိသတ်များအကြား ပျံ့နှံ့လာပြီး ရဲတိုက်ကို အားပေးကြောင်း ရေးသားထားကြသည်။
အဆိုပါစာကို ရဲတိုက်ကိုယ် တိုင်ရေးသားပြီး ဖေ့စ်ဘွတ်ခ်တင်ရန် ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့ဆန္ဒဖြင့် တင်ခြင်းသာဖြစ် သည်ဟု ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။
‘‘ခန့်မှန်းခြေ ခြောက်လ လောက်ဆိုရင်တော့ လွတ်ပြီလို့ မှန်းလို့ရတယ်။ ငါးလလည်းဖြစ် နိုင်တယ်။ ခြောက်လလည်း ဖြစ် နိုင်တယ်။ ခုနစ်လလည်း ဖြစ်နိုင် တယ်။ အစ်ကိုတို့လည်းမှန်းခြေပဲ။ ရဲတိုက်နေကောင်းပါတယ်။ ကျန်း ကျန်းမာမာပါပဲ’’ဟု ရဲတိုက်ကို ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့သည့် ဒါရိုက်တာရီဇော်က ပြောကြားသည်။
ရဲတိုက်သည် ၂၀၁၃ ဇူလိုင် ၂၅ ရက်က ဆေးခြောက်အနည်း ငယ်လက်ဝယ်တွေ့ရှိမှုဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခံခဲ့ရသည်။ ယင်းအမိန့် ကို အယူခံဝင်ရာ တစ်နှစ်လျှော့ ပေါ့ပေးပြီး    ငါးနှစ်ချမှတ်ခံခဲ့ရ သည်။ ထို့အပြင် ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ၂၀၁၄ စက်တင်ဘာ၌ ဗိုလ်တထောင်မြို့နယ် တရားရုံးက ဘာသာ သာသ နာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ ထို့ကြောင့် ရဲတိုက်သည် အမှုနှစ်မှုပေါင်းဖြင့် ထောင်ဒဏ်ခြောက်နှစ်ကျခံနေရ ခြင်းဖြစ်သည်။
ဇွဲဉဏ်

0 မှတ်ချက်များ: