မင်္ဂလာတောင်ညွန့်တွင် ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် အစိုးရထံ ဒေါ်ဖြူဖြူသင်းတောင်းဆို

မင်္ဂလာတောင်ညွန့် မြို့နယ် မြယာကုန်းလမ်းတွင် ပဋိ ပက္ခဖြစ်ပွားစေရန် လုပ်ဆောင် ခဲ့သူများကို တရားဥပဒေနှင့်အညီ အရေးယူပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ စာတင်၍ တောင်း ဆိုထားကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် လူစုလူဝေးဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က အခြေအနေတည်ငြိမ်ရန် လုံခြုံရေးယူနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

‘‘ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို ဒီနေ့ပဲ စာတင်ပါတယ်။ စာ တင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေး မှူးအဖွဲ့ကိုလည်း မိတ္တူပို့ပါမယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့။ ကျွန်မတို့ ဥပဒေတွေရှိပါတယ်။ ၅၀၅ (ဂ) ဆူပူလှုံ့ဆော်မှုတွေ၊ ဘာသာရေး အရ၊ လူမျိုးရေးအရ လုပ်နေတဲ့ ကိစ္စရပ်တွေကို တရားဥပဒေအရ ဥပဒေနဲ့အညီ အရေးယူပေးဖို့ ရန် ကုန်တိုင်းအစိုးရနဲ့ မြို့နယ်အုပ် ချုပ်ရေးအဖွဲ့ကို စာတင်မယ်။ အဲ ဒီလိုပဲ သာသနာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း စာတင် ဖို့ ပြင်နေပါတယ်’’ဟု ဒေါ်ဖြူဖြူ သင်းက ယမန်နေ့က ပြောသည်။
ဒေါ်ဖြူဖြူသင်းသည် မေလ ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးနှင့် တွေ့ဆုံရာတွင်လည်း မြို့နယ်၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန် ယူဆောင်ရွက်ပေးရန် ပြောကြား ခဲ့သည်။
ယခုဖြစ်စဉ်တွင် မြယာကုန်း လမ်းရှိ နေအိမ်တစ်အိမ်၌ ဘင်္ဂါ လီအချို့ ရောက်နေသည်ဟုဆို ကာ ဝင်ရောက်စစ်ဆေးရာတွင် အာဏာပိုင်အဖွဲ့အစည်းများက သံဃာတော်အချို့နှင့် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသူများကို ခေါ်ဆောင်သွား၍ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ၏ လုံခြုံရေးအတွက် အစိုးရအဖွဲ့ အနေဖြင့်အလားတူကိစ္စရပ်များ ထပ်မံမပေါ်ပေါက်အောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက် သင့်ကြောင်း ရန်ကုန်တိုင်း လွှတ် တော် ကိုယ်စားလှယ် အချို့က တိုက်တွန်းသည်။

ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အာဏာပိုင် အဖွဲ့အစည်းများမှအပ အခြားသူ၏နေအိမ်ကို ၀င်ရောက်စစ်ဆေးခွင့်မရှိ
ပြည်သူတစ်ဦးအနေဖြင့် မိမိ ရရှိထားသော သတင်းကို နယ် မြေခံရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး များသို့ သွားရောက်သတင်းပေးပို့ နိုင်သော်လည်း သတင်းပေးပြီး နောက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် လိုက်ပါခြင်းသည် ဥပဒေ နှင့်မညီညွတ်ဘဲ ဝတ္တရားနှောင့် ယှက်မှုသာဖြစ်ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က သုံးသပ်ပြောကြားသည်။ ထိုသို့ လိုက်ပါခွင့်ပြုသော အာ ဏာပိုင်အဖွဲ့အစည်းများကို ၎င်း က မေးခွန်းထုတ်သည်။
‘‘အဲဒါတွေကို အစကတည်း က ခွင့်မပြုရဘူး။ ရဲစခန်းကိုလာ၊ ပြောချင်တာပြော၊ တိုင်ချင်တာ တိုင်လို့ရတယ်။ ဒါကို လက်ခံလိုက်။ နားထောင်လိုက်။ ပြီး တော့ ပြန်လွှတ်လိုက်။ ဘာမှ အဲဒီအိမ်ကို အဲဒီလူတွေကို ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘုန်းကြီး မကလို့ ဘယ်သူဖြစ်ဖြစ် ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘာလို့ အဲဒီကိစ္စတွေ ခွင့်ပြုနေလဲ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းပြဿနာ များနှင့်ပတ်သက်၍ အမြန်ဆုံးဖြေ ရှင်းဆောင်ရွက်သင့်ကြောင်းနှင့် အရေးယူဆောင်ရွက်ခြင်းမရှိပါ က အလားတူ ပြဿနာများ ထပ် မံပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က မှတ်ချက်ပြု သည်။
‘‘ဒီကိစ္စကို အစိုးရက ထိထိ ရောက်ရောက်နဲ့ ကိုင်တွယ်ပြီး တော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ နဲ့ အမြန်ဆုံးဆောင်ရွက်သင့်တယ် လို့ ယုံကြည်တယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် သိပ်အားမရဘူး’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က ပြော ကြားသည်။
လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

‘‘အခုဖြစ်နေတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်တာ တွေ့ရတယ်။ တည် တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ဟာကို ပျက်ပြားအောင်လုပ်တဲ့ပုံစံတွေ့ ရတယ်။ အိမ်တစ်အိမ်ကို ဝင်စစ် မယ်ဆိုရင် သာမန်လူတွေ၊ ဘာ  သာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေ လုံးဝဝင်စစ်ခွင့်မရှိပါဘူး။ အဲဒီလိုပဲ ရဲစခန်းကနေ ရဲတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမယ်ဆိုရင် သူ့ ရဲ့ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပဲ လုပ်ခွင့်ရှိပါတယ်။ အာဏာပိုင် တွေတောင် အဲဒီလို လုပ်ထုံးလုပ် နည်းတွေရှိပါတယ်။ လမ်းဘေး မှာ သွားလာတဲ့သူတွေကို ဆဲဆို တာတွေ၊ ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေပါလာတာက တော်တော်လေးကို အခြေအနေ ဆိုးရွားနေတယ်လို့ ပြောလို့ရ တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် ကိုင်ဆောင်ရွက်နေတာလို့ ကျွန်မ အနေနဲ့ မြင်တယ်။ ဆူပူအောင် လှုံ့ဆော်တာ၊ ပြဿနာဖြစ်အောင်ဖန်တီးတာတွေ လက်ခံလို့မရပါ ဘူး’’ဟု ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။
ပြည်သူများ ဧည့်စာရင်းတိုင် ကြားရန်မလိုသည့် ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ သည်။ ယင်းဥပဒေအရ ပြည် သူများ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘဲ နေရပ်တစ်ခုမှ အ ခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ရာတွင် တစ်လထက် ပိုမို နေထိုင်မည်ဆိုမှသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများထံ အသိပေးရန် လိုအပ်ခြင်းဖြစ်သည်။ ရဟန်းသံဃာများ နှင့် လူပုဂ္ဂိုလ်များက မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ အမှတ် (၁၀၅-၁၀၇)နေအိမ်သို့ ဝင်ရောက်ခဲ့မှုသည် အိမ်ကျော်နင်းမှုမြောက်ပြီး ရာဇသတ် ကြီးပုဒ်မ ၄၄၈ ဖြင့် ငြိစွန်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင် ဇော် (မရမ်းကုန်း)က ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၄၄၈ ဖြင့် ပြစ်မှုမြောက်ကြောင်း ထင် ရှားပါက ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ငြိမ်းချမ်း, ထက်ထက်အာကာကျော်
7 Day Daily





0 မှတ်ချက်များ: