သစ်သီးပြပွဲတစ်ခုတွင် ပြသထားသော သရက်သီးများ (ဓာတ်ပုံ − ကျော်ဇင်သန်း) |
မြန်မာသရက်သီးကို ဈေးကွက်သစ်အနေဖြင့် ဂျပန်၊ ယူအေအီးနှင့် ရုရှားနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်တွင် စတင်တင်ပို့ မည်ဟု သရက်သီးအစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
‘‘ဂျပန်၊ ယူအေအီးနဲ့ ရုရှား နိုင်ငံတွေကို ဒီနှစ်မှာတင်ပို့နိုင် မယ်။ ရုရှားကို စမ်းသပ်တင်ပို့ထား တာ သုံးနှစ်လောက်ရှိပြီ။ ကြိုက် နှစ်သက်မှုရှိတယ်။ အရင်က ထိုင်းကနေတစ်ဆင့် တင်ပို့ရတာ။ အခု ကတော့ မြန်မာနိုင်ငံကနေ တိုက် ရိုက်တင်ပို့ဖို့ ဆောင်ရွက်နေပါ တယ်’’ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။
ယင်းဈေးကွက်များသို့ တင် ပို့နိုင်ရန် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ရရှိရန်လိုအပ်ပြီး အဆို ပါလက်မှတ်ကို စိုက်ပျိုးရေးဌာနတွင် လျှောက်ထားရမည် ဖြစ်ကာ စိုက်ပျိုးရေးဌာနက စစ်ဆေးခွင့်ပြု ပြီးမှသာ တင်ပို့နိုင်မည့်အပြင် ဓာတုဓာတ်ကြွင်းကင်းစင်ကြောင်း လက်မှတ်ပါရှိရန်လိုအပ်ပြီး ၀ယ် ယူမည့်နိုင်ငံက သတ်မှတ်တောင်း ဆိုသည့် အချက်များပြည့်စုံမှ တင်ပို့နိုင်မည် ဖြစ်သည်။
မတင်ပို့မီ အဆိုပါနိုင်ငံမှ ပညာရှင်များလာရောက်စစ်ဆေးပြီး သတ်မှတ်ချက်များ ပြည့်စုံမှသာ ၀ယ်ယူကြောင်း သိရသည်။
‘‘ထုပ်ပိုးတာကအစ သူတို့ ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ထုပ်ပိုး ရတယ်။ ပြီးတော့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ၀ယ်ယူတဲ့ ကုန်ပစ္စည်း တွေကို အိတ်နဲ့ တင်ပို့မယ်ဆိုရင် လည်း သတ်မှတ်ထားတဲ့အိတ်နဲ့ ပဲ ထုပ်ပိုးတင်ပို့မှ သူတို့က လက် ခံတယ်’’ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။
မြန်မာ သရက်မျိုးများထဲ တွင် စိန်တလုံးသရက်သီးကို ပြည်ပ၀ယ်လက်များ ကြိုက်နှစ် သက်မှုအများဆုံးဖြစ်ပြီး လက်ရှိ တွင် ပင်လယ်ရေကြောင်းမှ စင် ကာပူ၊ ကိုရီးယားနှင့် မလေးရှား နိုင်ငံတို့သို့ အဓိကထားတင်ပို့ပြီး နယ်စပ်လမ်းကြောင်းမှ တရုတ် နိုင်ငံသို့ တင်ပို့သည်။
သရက်သီးတင်ပို့ရာတွင် အ သီးအရွယ်အစားနှင့် အမျိုးအစား ပေါ်မူတည်ပြီး တစ်တန်လျှင် ကျပ် ငါးသိန်းမှ ၁၂ သိန်းကြားရရှိ ကြောင်း သရက်သီးအစုအဖွဲ့မှ သိရသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ သရက်သီး တန်ချိန် လေးသောင်းကျော်တင် ပို့ထားပြီး နယ်စပ်လမ်းကြောင်း မှ တန်ချိန် တစ်သိန်းကျော်တင်ပို့ ထားကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တင်ပို့သည့်ပမာဏသည် ၂၀၁၅-၁၆ တွင် တင်ပို့ခဲ့သည့် ပမာဏထက် လျော့နည်းသော် လည်း ငွေကြေး ပိုမိုရရှိနိုင် ကြောင်း သရက်သီးအစုအဖွဲ့မှ သိရသည်။
မျိုးစန္ဒာအောင်
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်