မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသည့် ပြည်ပရောက် နိုင်ငံသားဟောင်း ၂၄၀ ကျော်ရှိကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပြည်ပသို့ အကြောင်းအမျိုး မျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားအဖြစ် ပြန်လည်လျှောက် ထားခွင့်ကို ၂၀၁၂ ကစတင်ခွင့် ပြုခဲ့ပြီး ဦးသိန်းစိန် အစိုးရလက် ထက်တွင် နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုပေးခဲ့သူ ၁၄၃ ဦးရှိခဲ့သည်။
‘‘စတင်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ အားလုံးလျှောက် ထားတာ ၂၄၄ ယောက်ရှိတယ်။ ၁၄၃ ယောက် ခွင့်ပြုပေးပြီးပြီ။ ယခု အစိုးရလက်ထက်မှာ ဆက်လက်ဆောင်ရွက်နေတာ လက်ရှိ စိစစ်ရေးအဖွဲ့ကို တင်ပြ ထားတာက ၂၈ ယောက်ရှိပါ တယ်’’ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးကပြောသည်။
မြန်မာနိုင်ငံသားအဖြစ် ပြန် လည်လျှောက်ထားလိုသူများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများမှလည်းကောင်း၊ မြန်မာ နိုင်ငံအတွင်း ပြန်ရောက်နေပါက လည်း စာတိုက်မှတစ်ဆင့်လည်း ကောင်း နိုင်ငံတော်သမ္မတ (သို့မဟုတ်) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့လိပ်မူပြီး လျှောက် ထားနိုင်သည်။
မြန်မာနိုင်ငံသားအဖြစ် ပြန် လည်လျှောက်ထားလိုသူများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများမှလည်းကောင်း၊ မြန်မာ နိုင်ငံအတွင်း ပြန်ရောက်နေပါက လည်း စာတိုက်မှတစ်ဆင့်လည်း ကောင်း နိုင်ငံတော်သမ္မတ (သို့မဟုတ်) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့လိပ်မူပြီး လျှောက် ထားနိုင်သည်။
မြန်မာနိုင်ငံသားအဖြစ် ပြန် လည်လျှောက်ထားခြင်းကို ၂၀၁၄ က ဆောင်ရွက်ခဲ့သော်လည်း မည်သည့်အကြောင်းပြန်ကြား ချက်မျှ မရခဲ့၍ ၂၀၁၆ တွင် နောက်တစ်ကြိမ် လျှောက်ထားခဲ့ သည်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)မှ ဦးဘို ကြည်က ဆိုသည်။
‘‘အစိုးရသစ် လက်ထက်မှာ တော့ လဝက ၁၉၈၂ နိုင်ငံသား ဥပဒေအရ သူတို့ဝန်ကြီးဌာန အနေနဲ့ ဆုံးဖြတ်ခွင့်မရှိပါဆိုတာ နဲ့ ကျွန်တော် နိုင်ငံသားဖြစ်ရေး ကိစ္စသည် သမ္မတနှင့် အစိုးရအဖွဲ့ အပေါ်မှာသာ မူတည်ကြောင်း သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံ သားဟောင်းများ စိစစ်ရေးကော် မတီမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌတာဝန်ယူပြီး လုပ် ဆောင်နေတယ်ဆိုတော့ မနေ့က ထက်စာရင် ပိုနီးစပ်လာပြီလို့ ယူဆရပါတယ်’’ဟု ဦးဘိုကြည်က ပြောကြားသည်။
‘‘မြန်မာနိုင်ငံသား ပြန်မဖြစ် ရတဲ့အတွက် ကျွန်တော်တို့မှာ စာအုပ်မှာ စာမျက်နှာကုန်တာနဲ့ ချက်နိုင်ငံအထိ ပြန်သွားပြီး စာ အုပ်ပြန်လဲရပါတယ်။ ကျွန်တော် က ချက်နိုင်ငံသားလည်းမဖြစ်တာ ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ချက် သံရုံးမှာလည်း စာအုပ်လဲခွင့်မရှိ ပါ။ စာအုပ်တစ်ခါသွားလဲရင် နှစ် ပတ်လောက်ကြာပါတယ်။ အဲဒီ အတွက် ကုန်ကျစရိတ်ကလည်း ကြီးပါတယ်။ အရင်ကတော့ ချက် အစိုးရက ကုန်ကျစရိတ်အကုန် အကျခံပေမယ့် အခု မင်းတို့ဆီမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာ ရလာပြီတဲ့။ သူတို့ မပေးနိုင်တော့ ဘူးတဲ့။ မဖြစ်မနေဆိုရင်တော့ စာအုပ်တော့ လဲပေးမယ်တဲ့။ ကုန်ကျစရိတ် ကိုယ့်ဘာသာကိုယ်ခံဆို ပြီးဖြစ်လာပါတယ်’’ဟု ဦးဘို ကြည်က ပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသား ဟောင်းများကို မြန်မာနိုင်ငံသား အဖြစ် သတ်မှတ်နိုင်ရေး စိစစ် ရေးအဖွဲ့ကို ၂၀၁၆ အောက်တို ဘာက ဖွဲ့စည်းခဲ့သည်။ ယင်း စိစစ်ရေးအဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ပြည်ထဲ ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည် ထောင်စုဝန်ကြီးများနှင့် ပြည် ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့ စည်းထားသည်။
မြန်မာနိုင်ငံသားအဖြစ် ပြန် လည်လျှောက်ထားသူအများစု သည် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံများသို့ရောက် ရှိနေသူများဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံအချို့မှ မြန်မာများ လည်းပါဝင်ကြောင်း သတင်းရရှိ သည်။
အောင်ဇော်ထွန်း
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်