မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူး ပြောင်းရွှေ့မှု မြယာကုန်းပဋိပက္ခနှင့်သက်ဆိုင်မှုမရှိဟု တာဝန်ရှိသူပြော

မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှူးကို ကွမ်းခြံကုန်းမြို့နယ်သို့ ပြောင်းရွှေ့လိုက်ပြီး ထိုသို့ပြောင်းရွှေ့ ခြင်းသည် မေလ ၉ ရက်ညက ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် မသက်ဆိုင် ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲ တပ်ဖွဲ့မှူးက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးမျိုးလွင်ကို ကွမ်းခြံကုန်းမြို့မ ရဲစခန်းမှူးအဖြစ် မေလ ၁၁ ရက်တွင် ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက ‘‘အခု ပြောင်းတာက ပုံမှန်ပါ။ ဖြစ်စဉ် (ပဋိပက္ခ ဖြစ်စဉ်) မတိုင်ခင်ကတည်းက ပြောင်း မိန့်ထွက်ထားတာပါ’’ဟု ပြောသည်။

ဒုတိယရဲမှူးမျိုးလွင် နေရာတွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူးအဖြစ် လုံခြုံရေးရဲ တပ်ရင်းမှ ဒုတိယရဲမှူးဇော်ဝင်း နိုင် ရောက်ရှိလာကြောင်းသတင်း ရရှိသည်။

‘‘ဆက်စပ်မှုမရှိပါဘူးဗျ။ နဂို ကတည်းကကို သူပြောင်းရွှေ့ကျ မယ်ဆိုတာပြောထားတယ်။ ပုံမှန် ပြောင်းရွှေ့တာပါ။ ဒီဖြစ်စဉ် (မင်္ဂလာတောင်ညွန့် ပဋိပက္ခ)နဲ့ မဆိုင်ဘူး။ အခြားရဲဝန်ထမ်းတွေ မပါဘူး။ စခန်းမှူးတစ်ယောက်ပါ ပဲ။ အဲဒါ သေချာပါတယ်။ ကျွန် တော်လှမ်းပြီး စုံစမ်းထားပါတယ်’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲ ဆန္ဒနယ်အမှတ် (၁) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ထို့အပြင် မင်္ဂလာတောင် ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင် မောင်ဦးသည်လည်း ကိုကိုးကျွန်း မြို့သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သတင်း ရရှိပြီး ယင်းသတင်းအပေါ် ရဲမှူး ခင်မောင်ဦးက ပြောင်းရွှေ့မိန့် မထွက်သေးကြောင်း ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ တိုက်ခန်းနှစ် ခန်းတွင် ခိုးဝင်ဘင်္ဂါလီများရှိနေ သည်ဟု မျိုးချစ်မြန်မာ ရဟန်း တော်များသမဂ္ဂအဖွဲ့ဝင်များနှင့် လူအချို့က မေလ ၉ ရက်ညက ရဲတပ်ဖွဲ့ကို သတင်းပေးပြီး အာ ဏာပိုင်များနှင့်အတူ ၀င်ရောက် စစ်ဆေးရာမှ ပဋိပက္ခဖြစ်ပွားခဲ့ သည်။

ရဟန်းအချို့နှင့် အမျိုးသား ရေးဆောင်ရွက်နေသည်ဟု ဆို သူများကို အာဏာပိုင်များနှင့်အ တူ နေအိမ်အတွင်း ၀င်ရောက်ရှာ ဖွေခြင်းကို ခွင့်ပြုခဲ့ခြင်းသည် ရဲ တပ်ဖွဲ့လုပ်ထုံးလုပ်နည်းများနှင့် လွဲချော်နေကြောင်း လွှတ်တော် အမတ်အချို့က ဝေဖန်ထောက်ပြ သည်။

‘‘ရဲတွေတောင် ရဲလက်စွဲ တွေ ရှိတယ်လေ။ရဲတွေတောင် ၀င်ပြီဆိုတာနဲ့ ဘယ်လိုဝင်ရမယ်။ ပြည်သူနဲ့ ဘယ်လိုဆက်ဆံရမယ်။ ဒါတွေကအစ EU ကနေပြီး ရဲ တွေကို သင်တန်းတွေတောင်ပေး ထားတာလေ။ ပြည်သူကို ၀န် ဆောင်မှုပေးတဲ့လုပ်ငန်းအဖြစ်ကို ပြောင်းနေတာလေ။ သူတို့ (ရဲ တပ်ဖွဲ့)တောင် Change နေတဲ့ အချိန်မှာ အခုလို တခြားသူ တစ် ပါးအိမ်ကို ၀င်ပြီးတော့ စစ်ဆေး မေးမြန်းပိုင်ခွင့် သူတို့ (မျိုးချစ် မြန်မာရဟန်းတော် သမဂ္ဂအဖွဲ့ ၀င်တွေ) မှာ မရှိဘူး။ သူတို့မှာမရှိ သလို ကျွန်မတို့လည်း လုပ်လို့မရ ဘူး။ လုပ်ခွင့်မရှိဘူး။ အဓိကက တော့ လုပ်ခွင့်မရှိတာကို ခွင့်ပြုသ လို ဖြစ်သွားတာပေါ့နော်’’ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

ပဋိပက္ခဖြစ်ပွားစေရန် လုပ် ဆောင်ခဲ့သူများကို တရားဥပဒေ နှင့်အညီအရေးယူပေးရန် ရန်ကုန် တိုင်းအစိုးရအဖွဲ့ထံ ဒေါ်ဖြူဖြူ သင်းက တောင်းဆိုခဲ့သည်။

‘‘အဲဒါတွေကို အစကတည်း က ခွင့်မပြုရဘူး။ ရဲစခန်းကိုလာ၊ ပြောချင်တာပြော၊ တိုင်ချင်တာ တိုင်လို့ရတယ်။ ဒါကို လက်ခံ လိုက်။ နားထောင်လိုက်။ ပြီး တော့ ပြန်လွှတ်လိုက်။ ဘာမှ အဲဒီ အိမ်ကို အဲဒီလူတွေကို ခေါ်သွားစ ရာအကြောင်းမရှိဘူး။ ဘုန်းကြီးမ ကလို့ ဘယ်သူဖြစ်ဖြစ် ခေါ်သွားစ ရာအကြောင်းမရှိဘူး။ ဘာလို့ အဲဒီကိစ္စတွေ ခွင့်ပြုနေလဲ’’ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းလတ်က ဝေ ဖန်ခဲ့သည်။

ပဋိပက္ခတွင် ပါဝင်ခဲ့သော သံဃာတော်နှစ်ပါးနှင့် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ် ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် မေလ ၁၁ ရက် နေ့လယ်က အမှုဖွင့်လိုက် ကာ နှစ်ဦးကို ဖမ်းဆီးထားပြီး တိမ်းရှောင်နေသူများကို ဖမ်း ၀ရမ်းထုတ်ပြန်ထားသည်။

7 Day Daily

0 မှတ်ချက်များ: