အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းများကို ထောက်ပံ့ငွေ ကျပ်သန်းငါးထောင်ခန့်ရှိသည်ဟုသိရသော်လည်း သိန်းသုံးထောင်သာ ဖော်ထုတ်နိုင်ဟု သူရဦးအောင်ကိုပြော

အစွန်းရောက် ဘာသာရေးအဖွဲ့အစည်းများကို ကူညီထောက်ပံ့ငွေ ကျပ်သန်း ငါးထောင်ခန့် ရှိသည်ဟု သိရ သော်လည်း ဘဏ်များက အပြည့် အဝ ပူးပေါင်းဆောင်ရွက်မှုမရှိ ခြင်းကြောင့် သိန်းသုံးထောင်ကို သာ ဖော်ထုတ်နိုင်သေးကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား သည်။
‘‘၂၀၁၆ တုန်းက ကြားခဲ့တဲ့ သတင်းတွေအရ အဲဒီအစွန်း ရောက်ဘာသာရေးအဖွဲ့အစည်း တွေကို ကူညီထောက်ပံ့သောငွေ သည် သန်းငါးထောင်ခန့်ရှိတယ် လို့ သတင်းတော့ ရာနှုန်းပြည့်အ တည်ပြုလို့ မရပါဘူး။ သန်းငါး ထောင်ခန့်ရှိတယ်လို့ သတင်းတွေ ရပါတယ်။ သတင်းပေးတဲ့ ပုဂ္ဂိုလ် က ပေးပါတယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။
ဆက်လက်၍ ‘‘အဲဒီအတွက် ဘဏ်တွေကို ငွေစာရင်းတွေ တောင်းခြင်း ဖြစ်ပါတယ်။ သို့ သော်လည်း ပုဂ္ဂလိကဘဏ်တွေ ရော၊ ဗဟိုဘဏ်ရော အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမပြုခဲ့လို့ မိုလို့ ဒါတွေကို အတိအကျဖော် ထုတ်နိုင်ခြင်းမရှိပါဘူး။ သိန်းသုံး ထောင်ဆိုတာနဲ့ပဲ လက်ခံလိုက်ရ ပါတယ်။ မကပါဘူး’’ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက ပြောသည်။
မေလ ၂၄ ရက်နေ့က နေ ပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံအခမ်းအနား၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းငွေကြေးများကို မည် သည့်နေရာကရ၍ မည်သူက ထောက်ပံ့ထားသနည်းဟု သိလို ၍ ၂၀၁၆ က ဗဟိုဘဏ်အပါအဝင်ပုဂ္ဂလိကဘဏ်များတွင် အပ်နှံ ထားသည့် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ အပ်နှံငွေစာ ရင်းကို ဆောလျင်စွာစိစစ်ပြီး ပြန် ကြားပေးရန် ဗဟိုဘဏ်ထံ မေတ္တာရပ်ခံကာ တောင်းဆိုခဲ့သော်လည်း  အချိန်နောက်ကျမှ ပြန်ကြားခဲ့ သည်ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
‘‘အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်ကရလဲ ကျွန်တော် တို့ တွေးပါတယ်။ တွေးလို့မို့ ကျွန် တော် လက်လှမ်းမီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျွန် တော်စာရေးပါတယ်။ ဗဟိုဘဏ်  အပါအဝင် ပုဂ္ဂလိကဘဏ်တွေ မှာ အပ်နှံထားတဲ့၊ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံ ထားတဲ့ အပ်နှံငွေစာရင်းကို ဆော လျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည်ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါ တယ်။ အမရဘဏ်မှာ အပ်ထား တဲ့ ငွေတွေကို နေ့ရော၊ ညရော စနေရော၊ တနင်္ဂနွေရောထုတ်ပြီး ဖြန့်ခွဲလိုက်ကြတယ်တဲ့။ အမရ ဘဏ်မှာ အပ်တဲ့ငွေတွေကို ပြော ပါတယ်။ အမရဘဏ်ကို ဘယ် သူတည်ထောင်လဲဆိုတာ အား လုံးသိပြီးသား ဖြစ်မှာပါ။ ကျွန် တော်အထူးမပြောလိုပါဘူး။ အဲဒီ လိုသတင်းတွေ ထွက်ခဲ့ပါတယ်။ သို့သော် နောက်ကျမှ ပြန်လာတဲ့ ဗဟိုဘဏ်ရဲ့သတင်းက ကျပ်သိန်းပေါင်း သုံးထောင်ခန့်သာဖြစ်ပါ တယ်လို့ ပြန်ခဲ့ပါတယ်။ ဒါလည်း သူလည်း ဝတ္တရားကျေပဲ သဘော ရှိပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
သူရဦးအောင်ကိုပြောကြား ချက်နှင့်ပတ်သက်၍  ယူနိုက်တက်အမရဘဏ်ကလည်း မေလ ၂၄ ရက် ညနေတွင် သတင်းထုတ် ပြန်ရာ ပြည်ထောင်စု ဝန်ကြီးက မဘသအဖွဲ့အစည်းများနှင့် အမ ရဘဏ်တို့နှင့် ပတ်သက်၍ ပြော ကြားမှုများသည် လုံးဝ (လုံးဝ) မှန်ကန်မှုမရှိပါကြောင်း ကြေညာ ခဲ့သည်။ သတင်းထုတ်ပြန်ချက် တွင် ‘ယူနိုက်တက် အမရဘဏ် သည် ဗဟိုဘဏ်၏ကြီးကြပ်မှု အောက်တွင် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိကဘဏ်ဖြစ် သည့်အလျောက် ငွေကြေးစာရင်း များ၊ အကောင့်ဖွင့်လှစ်ခြင်းများ၊ ငွေထုတ်ယူခြင်းများ စသည့် ဘဏ္ဍာရေးကိစ္စ အဝဝကို ဗဟို ဘဏ်မှ ချမှတ်ထားသည့် စည်း မျဉ်းစည်းကမ်းများနှင့်အညီ လိုက် နာဆောင်ရွက်လျက်ရှိပါသည်။ ဗဟိုဘဏ်မှ ငွေကြေးကိစ္စရပ်များ နှင့် ပတ်သက်ပြီး တောင်းဆိုလာ သည့် အချက်အလက်များ၊ စာရင်းဇယားများအားလည်း နှောင့်နှေး ခြင်းမရှိဘဲ အချိန်မီပေးပို့ဆောင် ရွက်လျက်ရှိပါသည်။
ယခုရက်ပိုင်းအတွင်း သ တင်းမီဒီယာအချို့တွင် ဖော်ပြ လျက်ရှိသည့် နေပြည်တော်ရှိ မြန် မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းစင်တာတွင် ပြုလုပ်ခဲ့သော သာသနာရေးနှင့် ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၏ မီဒီယာများအား ပြောကြားခဲ့သည့် မဘသအဖွဲ့အစည်း နှင့် အမရဘဏ်တို့ ပတ်သက်၍ ပြောကြားမှုများသည် လုံးဝ(လုံးဝ) မှန်ကန်မှုမရှိကြောင်း အသိပေး ကြေညာအပ်ပါသည်’ ဟု ယူနိုက် တက်အမရဘဏ်၏ စီမံခန့်ခွဲမှု အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သူရဦးအောင်ကို က နေပြည်တော်တွင် လူသောင်း နှင့်ချီ ဆန္ဒပြရန် စီစဉ်မှုအတွက်သန်းထောင်ချီသုံးရမည်ဖြစ်ပြီး ယင်းငွေများ မည်သည့်နေရာမှ ရရှိကြောင်းကို ဗဟိုဘဏ်သို့ ထပ်မံ မေးမြန်းထားသည်မှာ သုံးပတ်ခန့် ရှိပြီဖြစ်သော်လည်း လက်ရှိအချိန် ထိ အကြောင်းပြန်ခြင်းမရှိသေး ဟု ဆိုသည်။
‘‘အခုလည်း နေပြည်တော် လာပြီးတော့မှ လူသောင်းနဲ့ချီ ဆန္ဒပြမယ်။ ဒီအတွက်ကို သန်းထောင် ချီသုံးရမယ်။ ဒီငွေတွေ ဘယ်က ရလဲဆိုပြီး ဗဟိုဘဏ်ကို ထပ်မေး တယ်။ ဗဟိုဘဏ်က ဟိုတုန်းက လည်း ပြန်ခဲ့တာ ဝတ္တရားကျေ ပြန်ခဲ့တာ။ အခု ထပ်ပြီးတော့ ဒီစာရင်းကို ပြန်ပေးပါဦးလို့ တောင်းဆို တာသည် ရက်သတ္တပတ် သုံးပတ် ခန့် ရှိခဲ့ပါပြီ။ ကနေ့အထိ ပြန်မ လာပါဘူး။ ဗဟိုဘဏ်ကတော့ ကျွန်တော်တို့ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းတဲ့ သဘောနဲ့ တောင်းဆိုတဲ့အခါမှာ ကနေ့အထိပြန်မလာပါဘူး။ အဲဒီလိုပြန်မလာ ပါဘူးဆိုတာကိုလည်း နိုင်ငံတော် သမ္မတရုံးကို  စာတင်ထားပါ တယ်’’ ဟု သူရဦးအောင်ကိုက သတင်းထောက်များအား ပြော သည်။ ယင်းနှင့်ပတ်သက်၍ ဗဟို ဘဏ်မှ တာဝန်ရှိသူအချို့ထံ 7Day Daily က မေးမြန်းရာ ဖုန်းဖြင့် ယမန်နေ့က ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်မရပေ။
ထို့အပြင် တစ်နိုင်ငံလုံးလမ်း ပေါ်ထွက်ဆန္ဒပြစေနိုင်သည့် တွန်းအားသည် ငွေကြေးအသပြာဖြစ် ပြီး ယခင်တုန်းက ဆန္ဒပြမှုအတွက်နေ့တွက်စရိတ်ကျပ် ငါးထောင် ဈေးနှုန်းပေါက်ကာ လက်ရှိတွင် တစ်သောင်းမှ နှစ်သောင်း၊ သုံး သောင်းပေးနေရသည်ဟု ပြည် ထောင်စုဝန်ကြီးက ဆက်လက် ပြောသည်။
‘‘လူတွေ ဘယ်နှထောင်၊ ဘယ်နှသောင်းနဲ့ဆန္ဒပြမယ်။ ပြ ပါ။ ပြတဲ့အခါကျတော့ ဘာဖြစ်လဲ ဆိုရင် ဆန္ဒပြပွဲပြီးတော့ တချို့က လာတိုင်ကြတယ်။ တိုင်တာတွေ က သူတို့ခေါ်တုန်းက နေ့တွက် ဘယ်လောက်ပေးမယ်၊ ဘယ် လောက်ပေးမယ်ခေါ်တယ်။ တချို့က ကြိုတင်ငွေ ခုနစ်ထောင်ရ တယ်။ ကျန်တဲ့ တစ်သောင်းကျော် မရဘူး။ တောင်းပေးပါ။ တချို့က တစ်ပြားမှ မရဘူး’’ဟု ၎င်းက ပြောသည်။
ယင်းအကြောင်းအရာများ ကို တရားဝင်အထောက်အထား နှင့်လာရောက်တိုင်ကြားရန် ဝန် ကြီးဌာနမှတစ်ဆင့် သတင်းထုတ် ပြန်ထားကြောင်း၊ လိုအပ်ပါက ဆက်လက်အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သူရဦးအောင်ကို က ပြောသည်။
ထို့အပြင် လက်ရှိအစိုးရက ဗုဒ္ဓဘာသာကို အားမပေးဟု ပြော ဆိုနေခြင်းသည် နိုင်ငံကို အာဏာ ရှင်စနစ်ဆီ နောက်ကြောင်းပြန် လှည့်လိုသည့် လူပုဂ္ဂိုလ်တစ်စု၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောသည်။
‘‘နိုင်ငံကို အာဏာရှင်စနစ် ဟောင်းဆီ နောက်ကြောင်းပြန် လှည့်ချင်တဲ့ လူပုဂ္ဂိုလ်တစ်စု၊ အဖွဲ့အစည်းတစ်ခုက ထောက်ပံ့ငွေ တွေနဲ့ ထောင်လွှားနေတဲ့ ပုဂ္ဂိုလ် တွေက ပြောနေတဲ့စကားဖြစ်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် လူပုဂ္ဂိုလ်အချို့က အမည်အမျိုးမျိုးဖြင့် တရားမဝင် အဖွဲ့ခွဲများ ဖွဲ့စည်းမှုကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြ ခြင်းလည်း မရှိကြောင်းကို ၎င်းက ထပ်လောင်းပြောကြားသည်။
ဝံသာနုရက္ခိတအဖွဲ့၊ မျိုးချစ် ရဟန်းတော်များအဖွဲ့၊ မျိုးချစ် ရဟန်းတော်များသမဂ္ဂ၊ အမျိုး သားရေးလှုပ်ရှားသူများအဖွဲ့ဟု အဖွဲ့များကို မျက်စိလည်အောင် ဖွဲ့ကြသည်ဟု သူရဦးအောင်ကို က ပြောသည်။
‘‘အဲဒီလိုဖွဲ့ပြီးတော့မှ သူတို့ က အာဏာရှင်စနစ်၊ ခေတ် ဟောင်း၊ စနစ်ဟောင်းကို ပြန်သွား ချင်နေတဲ့ လူပုဂ္ဂိုလ်တစ်စု၊ အဖွဲ့ အစည်းတစ်ခုရဲ့ အလွန်အမင်း ထောက်ပံ့မှုနဲ့ ကြိုးကိုင်မှုကို ခံယူ ပြီးတော့မှ ရပ်ရွာအေးချမ်းသာ ယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားအောင်၊ မငြိမ် မသက်ဖြစ်အောင် ဘာသာရေးကို ရှေ့တန်းတင်ပြီးတော့မှ လှုပ်ရှားမှု တွေ လုပ်လာတာ အားလုံးအ တွေ့ဖြစ်တယ်’’ဟု ၎င်းက ပြော သည်။  
ထို့အပြင် မေလ ၂၃ ရက် က မဘသအဖွဲ့ကို ဖျက်သိမ်း ကြောင်း ထုတ်ပြန်ကြော်ငြာချက် သည် လက်ရှိအခြေအနေနှင့် ပြည့်စုံလုံလောက်သည့် အနေအထား တွင်ရှိသည်ဟု ပြည်ထောင်စုဝန် ကြီးက မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။
7 Day Daily

0 မှတ်ချက်များ: