မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် မှားသည့်ဘက်ကို အရေးယူရန် မကွေးဆရာတော်မိန့်ကြား

 မင်္ဂလာတောင်ညွန့် ပဋိပက္ခဖြစ်စဉ်တွင် မှားသည့် ဘက်ကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် မကွေး ကျောင်းတိုက်ဆရာတော် ဦးပါ မောက္ခက မေလ ၁၁ ရက်တွင် မိန့်ကြားသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ City Star ဟိုတယ်တွင် မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂက ဦးဆောင်ပြုလုပ်သော မင်္ဂလာ တောင် ညွန့်ခိုးဝင်ဘင်္ဂါလီရှာဖွေခြင်း ကိစ္စကို မဟုတ်မမှန်စွပ်စွဲရေးသားဝါဒဖြန့်နေသူများအပေါ် ကိုယ်တိုင်ပါဝင်ခဲ့သူများက သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားရေးအင်အားစုများဘက်မှ မှားလျှင် ဥပဒေအတိုင်း အရေးယူရန်နှင့် ခိုးဝင်ေ ထိုင်သူများရှိလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများအား အရေးယူပေးရန် မကွေးကျောင်းတိုက် ဆရာတော်က မိန့်ကြားခဲ့သည်။
မေလ ၁၁ ရက်က city star ဟိုတယ်တွင် မင်္ဂလာတောင်ညွန့်ပဋိပက္ခနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)
‘‘အဲဒီတော့ သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်အစရှိ တဲ့ ပုဂ္ဂိုလ်တွေကို ဒီနေရာကနေ ဘုန်းကြီးတို့က အပြစ်ရှိတဲ့ပုဂ္ဂိုလ် တွေကို ဥပဒေအတိုင်း အရေးယူ ပေးပါလို့’’ ဟု ဆရာတော်ဦးပါ မောက္ခက မိန့်ကြားသည်။
အထက်ပါသတင်းစာရှင်း လင်းပွဲတွင် ဆရာတော် ဦးပါ မောက္ခအပါအ၀င် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ သံဃာ တော်၊ လူပုဂ္ဂိုလ်အချို့က မင်္ဂလာ တောင်ညွန့်ဖြစ်စဉ်နှင့်ပတ်သက် ၍ အာဏာပိုင်များကို စစ်ဆေး ပေးရန် ၎င်းတို့တိုင်ကြားသည့် တိုက်ခန်းတွင် ခိုးဝင်ဘင်္ဂါလီများ ရှိခဲ့ကြောင်းနှင့် ဒေသခံအာဏာ ပိုင်များ၏ လိုအပ်ချက်ကြောင့် ပြဿနာဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ဆိုသည်။
ပဋိပက္ခ မဖြစ်ပွားမီ ဖေ့စ် ဘွတ်ခ်တွင် အမျိုးသားရေးအင် အားစုများ၊ အမျိုးသားရေးညွန့် ပေါင်းအင်အားစုများအား လုံခြုံ ရေးပေးရန် နှိုးဆော်ထားသူ မင်္ဂလာတောင်ညွန့် မြို့နယ်နေ ကိုလတ်က တာဝန်ရှိသူများဝင် ရောက်စစ်ဆေးခဲ့သော တိုက်နံ ပါတ်တွင် ဘင်္ဂလားဒေ့ရှ်မှ  ခိုးဝင် ဘင်္ဂါလီများရှိသည်ကို မေလ ၆ ရက်နံနက်ကတည်းက စတင်မြင် တွေ့ခဲ့ကြောင်း သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။
၎င်းအနေဖြင့် အငှားယာဉ် မောင်းအလုပ်ကို အဓိကလုပ် ကိုင်ပြီး အားလပ်ချိန်များတွင် အ မျိုးဘာသာသာသနာအတွက် လုပ်ကိုင်သည်ဟုဆိုသည်။
မေလ ၆ ရက် နံနက် ၆နာရီ တွင် ၎င်း၏အငှားယာဉ်ဖြင့်ဗမာ စကား ပြောတတ်သူ တစ်ဦးနှင့် ဘင်္ဂါလီဟု ယူဆသော အမျိုး သားလေးဦးကို မင်္ဂလာတောင် ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ ဒေါ်ဝင်း၏ တိုက်သို့ပို့ဆောင်ပေး ခဲ့ပြီး အမျိုးသားလေးဦးကဗမာ စကား လုံးဝမပြောတတ်ကြောင်းကိုလတ်က ပြောသည်။ ကိုလတ်သည် ဒေါ်ဝင်းတိုက်တွင် နေထိုင်သူများကို မေလ ၆ ၊ ၇ နှင့် ၈ ရက် သုံးရက်ဆက်တိုက် အကြိမ်ကြိမ်လေ့လာစောင့်ကြည့်ခဲ့သည်ဟုဆိုသည်။
ယင်းပြောဆိုချက်နှင့် ပတ် သက်၍ ဒေါ်ဝင်းအား ဆက်သွယ် မေးမြန်းရာ သူ၏အလုပ်တွင်ဘင်္ဂါလီရှိ၊ မရှိ စစ်ဆေးနိုင်ကြောင်းနှင့် ကိုလတ်၏ ပြောကြားချက်မှာလိမ်ညာပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန်သည်။
‘‘ကျွန်မမှာ ဘင်္ဂါလီ ခိုင်း ထားတာလည်း မရှိဘူး။ ဘင်္ဂါလီ ၀င်တာလည်း မရှိဘူး။ ဘင်္ဂါလီ လည်း မသိဘူး။ သူတို့သက် သက် လိမ်ညာပြီး ပြောနေတဲ့ စကားပါ။ အဲဒီတော့ ကျွန်မ လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တင်ပြချင်တယ်။ ဘာလို့ လဲဆိုတော့ မဟုတ်မမှန်သတင်း တွေ၊  မဟုတ်မမှန် ပြောကြားမှု တွေကို ရှင်းလင်းပြောကြားချင် တယ်။ ကျွန်မက ၁၉၉၀ ကနေ ဆောက်လုပ်ရေးလုပ်နေတာ ဒီ နေ့အထိ။ ဘင်္ဂါလီနဲ့ အဆက်အ သွယ်လည်း မရှိဘူး။ ဒီမှာ တရား ၀င်နေထိုင်တာ နှစ်ပေါင်းမနည်း တော့ဘူး’’ ဟု ဒေါ်ဝင်းက ပြော ကြားသည်။
ဆက်လက်၍ ဒေါ်ဝင်းက ‘‘ကျွန်မတို့မှာ ဗမာစကားမတတ် တဲ့သူလည်း မရှိပါဘူးရှင်။ ဗမာ စကားပြောတတ်တဲ့သူတွေချည်း ပဲ’’ ဟု 7 Day Daily သတင်းစာ အား ပြောသည်။
အဆိုပါဖြစ်စဉ်တွင်  မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အ ချို့ပါဝင်ခြင်းမှာ ရဲများ၊ ဥပဒေ အရာရှိများ၊ တရားသူကြီးများ၊ လူဝင်မှုကြီးကြပ်ရေး(လ၀က) အ ရာရှိများက တရားဥပဒေနှင့်အ ညီ ဆောင်ရွက်ခြင်းမရှိ၍ တရား ဥပဒေစိုးမိုးရေးတွင် ၀င်ရောက် စွက်ဖက်ရခြင်းဖြစ်ကြောင်း  မ ကွေးဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။
‘‘အဲ...သူတို့က ဒုစရိုက်သ မားတွေနဲ့ ပေါင်းပြီးတော့ ငွေယူ ပြီးတော့ အမှားကိုအမှန်၊ အမှန် ကို အမှားလုပ်နေခြင်းကြောင့် ယနေ့ တရားဥပဒေနဲ့အညီ မဆုံး ဖြတ်လို့ ရဟန်းသံဃာတွေဝင် မပါရဘူး လား’’ ဟု  ဆရာတော်က မေးခွန်း ထုတ်သည်။
မကွေးကျောင်းတိုက်ဆရာ တော်က ရဲစခန်းများမှ ရဲအရာရှိ များအနေဖြင့် လာဘ်ယူကာ တ ရားဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်ခြင်းမပြုသည့်ဥပမာ များအဖြစ် ၂၀၁၅ နိုဝင်ဘာတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ် မြေရဲစခန်းသို့ နွားအစ်ပွဲပြုလုပ် ခြင်းနှင့်ပတ်သက်၍ သတင်းပေး တိုင်ကြားသော်လည်း အရေးယူ ခြင်းမရှိဘဲ ဥပဒေမဲ့လုပ်ဆောင် သူများ လွတ်မြောက်သွားသည် ဟု ဆိုသည်။
ထို့အတူ ဧရာဝတီတိုင်းဒေ သကြီး ကျုံပျော်မြို့နယ်တွင်လည်း ကျွဲ၊ နွားကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများ က ဖမ်းဆီးပေးမှုမရှိခဲ့ကြောင်း ဆရာတော်ဦးပါမောက္ခက သ တင်းစာရှင်းလင်းပွဲ၌ မိန့်ကြား သည်။
၎င်းတို့အနေဖြင့် ဘာသာ ပေါင်းစုံညီညွတ်စွာဖြင့် ငြိမ်းငြိမ်း ချမ်းချမ်းနေချင်ကြောင်းနှင့် ရဲ များ၊ ဥပဒေအရာရှိများ၊ တရား သူကြီးများ၊ လ၀ကအရာရှိများက လာဘ်မစားဘဲ တရားဥပဒေနှင့် အညီ ဆောင်ရွက်မည်ဆိုပါက တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် များတွင် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်း မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ သံဃာ တော်များက ဆိုသည်။
ထက်အာကာကျော်, ငြိမ်းချမ်း

0 မှတ်ချက်များ: