တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သာရေး၊ နာရေး၊ လူမှုရေးနှင့် ရသင့်ရထိုက်သော အခွင့်အရေးများကို တရားဥပဒေနှင့်အညီ စောင့်ရှောက်ကူညီပေးရန် ရည်ရွယ်တည်ထောင်သော တက္ကသိုလ်ဆရာ၊ ဆရာမအသင်းကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။
"ခွင့်ပြုချက်ပေးခဲ့တာက စက်တင်ဘာ ၂၄ ရက်ပါ။ ဒီနေ့ (စက်တင်ဘာ ၂၈)မှ ကျွန်တော်တို့ လက်ထဲကို ရောက်တယ်။ ကျွန်တော်တို့က တက္ကသိုလ်ဆရာများအသင်းတိုက်ကို တောင်းဖို့ရှိတယ်။ အောက်တိုဘာလ ၅ ရက်၊ ကမ္ဘာ့ဆရာများနေ့အတွက် သ၀ဏ်လွှာထုတ်ဖို့ ရှိတယ်။ ဆက်လုပ်မယ့် လုပ်ငန်းတွေကတော့ အများကြီးပါပဲ"ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ရန်ကုန်မြို့တွင် ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းနှင့် ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းတို့သည် တရားဝင် ရပ်တည်ခွင့် ရရှိပြီးဖြစ်ကာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းသည် အောက်တိုဘာလအတွင်း မှတ်ပုံတင်ရန် စီစဉ်လျက်ရှိသည်။
ရန်ကုန်မြို့ရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းတည်ထောင်ရန် သြဂုတ်လတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းတည်ထောင်သွားရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။
7Day News Journal's Facebook
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်