၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ အခန်း(၃)ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါရှိပါသည်။
ထို့အတူ အခန်း(၆) သုံးစွဲထုတ်ဝေခြင်း အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ(သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန် လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ(သို့)ဒင်္ဂါးများအတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိ အခြေအနေတွင် မည်သည့် ငွေစက္ကူကိုမျှ ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်းနှင့် ရှိခဲ့ပါကလည်း နိုင်ငံတော်အစိုးရအဖွဲ့အား တင်ပြခြင်း၊ ပြည်သူလူထုအား ကြိုတင်အသိပေးခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၉၅၂ ခုနှစ်မှစတင်၍ ယခုကာလအထိ တရားမ၀င် ကြေညာထားပြီးဖြစ်သော ငွေစက္ကူများမှအပ ကျန်ငွေစက္ကူများဖြစ်သော တစ်ကျပ်တန်မှ ကျပ်တစ်သောင်းတန်အထိ ငွေစက္ကူအားလုံး တရားဝင် လှည့်လည်သုံးစွဲနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
7Day News Journal's Facebook
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်