“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရ သောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။
“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။
မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ် ရေးဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ် ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်း ဆိုသည်မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့် အနေ အထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်း က စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။
“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင် သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့်
အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရမယ်။ အမြော်အမြင် ကြီးကြီးနဲ့ လုပ် ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ် တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
the voice weekly's facebook
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်