၎င်းအမျိုးသားသည် မဟာအောင်မြေမြို့နယ် တာရဲတန်းရပ်ကွက် တွင် နေထိုင် သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးမှ ကွာရှင်းခွင့်တောင်းခံရာမှာ ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေရန် ကြံစည်အားထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအမှုကို စစ်ဆေးနေသည့် အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းအမျိုးသားသည် ဒိုင်းမွန်းပလာဇာအနီးတွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အလုပ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ပလာဇာဝန်ထမ်းအချို့က ပြောသည်။ ၎င်းက ပလာဇာပေါ်မှ ခုန်ချမည် ကြံစည်၍ မီးသတ်ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ လာရောက်ခဲ့ကြပြီး မီးသတ်ကားများ၊ ကယ်ဆယ်ရေးလေအိတ်များ အဆင် သင့်ပြင်ဆင်ထားခဲ့ကြသည်။ တာဝန်ရှိသူများက ၎င်းအမျိုးသားနှင့် မွန်းလွဲ ၁၂ နာရီ ၀န်းကျင်တွင် ညှိနှိုင်းဆွေးနွေးအောင်မြင်ခဲ့ ကာ မြေပြင်သို့ ခေါ်ဆောင် လာနိုင်ခဲ့သည်။
ထို့နောက် ၎င်းအား အမှတ် (၈)ရဲစခန်းမှ (ပ) ၇၁၄/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ အလုပ်မဲ့ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်။
7Day News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်