မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် သမ္မတကြီးက ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးကိစ္စအား အဖွင့်မိန့် ခွန်း ပြောကြား

ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ နေပြည်တော်တွင်ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတကြီးက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးကိစ္စအား ထည့်သွင်းပြောကြားသွားခဲ့သည်။

"အလျဉ်းသင့်လို့ KIOအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ KIO မှ လွဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး Political Dialogue ကိစ္စရပ်များကို ယခု ၂၀၁၃ ခုနှစ် ဦးပိုင်းမှာ စပြီးဆောင်ရွက်ဖို့ ပြင်ဆင်ပြီးဖြစ်ပါတယ်။"ဟု အဆိုပါ ဖိုရမ်တွင် သမ္မတကြီးမှ ပြောကြားခဲ့သည်။

ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ကြောင်း မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါကြောင်း၊ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျွန်တော့်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါကြောင်း တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးထားဖို့လိုအပ်ပါကြောင်း သမ္မတကြီးမှ ဆက်လက်ပြောကြားခဲ့သည်။


အပစ်အခတ်ရပ်စဲရုံနဲ့ မရဘူး နိုင်ငံရေးဆွေးနွေးဖို့  တိကျတဲ့ အစီအစဉ်ရှိဖို့  လိုတယ်ဟု့ KIO/ KIA ဘက်က အမြဲပြောခဲ့ပြီး ယခုနိုင်ငံတော်အစိုးရမှ ကျန်အပစ်အခတ်ရပ်စဲပြီး အဖွဲ့များနဲ့ နိုင်ငံ ရေးဆွေးနွေးမှုများ ပြုလုပ်ဖို့  အချိန်ဇယားကို ပြောခဲ့ပြီး မနေ့ က သတင်းထုတ်ပြန်ချက်မှာလည်း တပ်မတော်ဘက်က စတင် တိုက်မှုတွေမလုပ်သလို ကေအိုင်အို၊ ကေအိုင်ဘက်မှလည်း အလားတူတုန့် ပြန်ဖို့  လိုကြောင်း ဖော်ပြခဲ့ပါ တယ်။

ကေ

0 မှတ်ချက်များ: