သံလွင်တံတား၌ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိ

၂၂-၁-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သံလွင်တံတား(မော်လမြိုင်)ဘက်ခြမ်း၌ လိုင်စင်မဲ့ မော်တော်ယာဉ် များအားစစ်ဆေးနေစဉ် မော်လမြိုင်မှမုတ္တမသို့ မုဒုံမြို့၊ ကွမ်တုံရပ်ကွက်နေ ရာဇာဦး(ခ)ရာဇာ(၃၄)နှစ် မောင်းနှင်လာသည့် ၅ဂ/xxxx တိုယိုတာ မတ်တူး(အဖြူရောင်)ယာဉ်အားတွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတရာပြသနိုင်ခြင်းမရှိသောကြောင့် ရာဇာဦး(ခ)ရာဇာအား ဒိုင်းဝန်ကွင်းရဲစခန်း၊ (ပ)၁၂/၂၀၁၃၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ၊ ၈ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲသူရကျော်

0 မှတ်ချက်များ: