ရေမြောင်းအတွင်းမှ ကျည်ဆံဟောင်းများတွေ့ရှိ

၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်(၂)လမ်း၊ အမှတ်(၁၁)၏ အိမ်ရှေ့ရေမြောင်းအတွင်း စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်း ၀င်းမြင့်ကျော်(၃၃)နှစ်သည် စည်ပင်ဝန်ထမ်း ၆ ဦးနှင့်အတူ ရေမြောင်းသန့်ရှင်းရေး ဆောင်ရွက်နေစဉ် သံချေးတက်ပြီးသုံးမရသည့် ၉ မမကျည်အဟောင်း(၁၄)တောင့်အားတွေ့ ရှိခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ထိုနောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှတဆင့် သတင်းပို့ခဲ့သောကြောင့် စမ်းချောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဝင်းသူ

0 မှတ်ချက်များ: