ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့ ၊ ညနေ ( ၄ ) နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည်
လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီပေးရေး၊
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ
ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန်
လုပ်ကြံထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု
ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု
တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊
နိုင်ငံတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုများကို စိစစ်
ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်စုစုလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
မိုးစက်

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်