ကျင့်ဝတ်လိုက်နာမှု အားနည်းခဲ့တဲ့ Charlatans Toubibကို ပြုပြင်ဆောင်ရွက်ဖို့  ဆွေးနွေးမှာကြားပြီးဖြစ်

 
Charlatans Toubibဆိုသူ ထောက်ပြတဲဆောင်းပါးနှစ်ခုလုံးမှာ တာဝန်ရှိသူစာတည်းများအနေနဲ့  ကျင့်ဝတ်ကို လိုက်နာမှုအားနည်းခဲ့တာကိုတွေ့ ရသည့်အတွက် ပြုပြင်ဆောင်ရွက်သွား ဖို့  ဇန်န၀ါရီလ ၁၆ ရက်နေ့က စာတည်းအဖွဲ့များကို ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဆွေးနွေးမှာကြားပြီးဖြစ်ကြောင်း နိုငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြားချက်အရသိရသည်။


"Charlatans Toubib ဆိုသူက သတင်းစာမှာ ကျန်းမာရေးဆောင်းပါးများဖော်ပြတဲ့အခါ ခိုင်လုံမှု မရှိတဲ့ သတင်းအချက်အလက်တွေပါနေတာဟာ ပြည်သူတွေအတွက် အန္တရာယ်ရှိကြောင်း ထောက်ပြခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလိုထောက်ပြတာ နှစ်ကြိမ်ရှိပါပြီ။"ဟု အဆိုပါ ဒုဝန်ကြီးမှ ဆိုသည်။

 "ဆေးဝါးသစ်များ၊ကုသနည်းသစ်များကို ဖော်ပြရာ၌ ကြီးစွာသတိထားရမည်။ ဆေးဝါးသစ်နှင့် ကုထုံးသစ်များသည် စာဖတ်သူများအတွက် မှားယွင်းသောမျှော်လင့်ချက်များ၊ သို့မဟုတ် စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်စေတတ်သည်ကို အလေးထားဂရုပြုရမည်။ ဖော်ပြခြင်းမပြုမီ ကျွမ်းကျင် နားလည်သူများ၏ အကြံဥာဏ်ကို ရယူရမည်"ဟု
အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့က အများပြည်သူဝန်ဆောင်မှုသတင်းစာ အဖြစ် အသွင်ကူးပြောင်းရေးကို စတင်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်သတင်းစာများလိုက်နာဖို့ ရေးဆွဲ ထုတ်ပြန်ထားတဲ့ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း ( Code of Conduct) မှာ ဆေးပညာသတင်းများ နဲ့ပတ်သက်ပြီး အခုလို ပြဋ္ဌာန်းထားပါတယ်။








ကေ 

0 မှတ်ချက်များ: