အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၃၀စတော့မည်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်လျက်ရှိသော အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသတင်တန်းအမှတ်စဉ် ၃၀ကို ဖေဖော်ဝါရီလ ၄ရက်နေ့  တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သင်တန်းကိုလျှောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာနတွင် စတင်လက်ခံနေပြီး ဇန်န၀ါရီလ ၂၃ရက်နေ့  နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ကြောင့်နှင့် လူဦးရေကန့် သတ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ ကုန်သွယ်၊ စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလည်း တစ်နေ့ တစ်ခြား တိုးတက် လာနေမှုကြောင့် နိုင်ငံတကာကိစ္စရပ်များ စိတ်ဝင်စားသူများ၊ နိုင်ငံတကာနှင့် ဆက်ဆံမှုရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီဒါရိုက်တာများ၊ ၀န်ထမ်းများအနေဖြင့် ရောက်ရှိလာသည့် ပြည်ပဧည့်သည်များနှင့်  ထိတွေ့ ပြောဆိုဆက်ဆံရာတွင် လွယ်ကူ အဆင်ပြေစေရန် အခြေခံသံတမန်ရေးရာ ပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာရှိထားရန်အတွက် အထောက်အကူပြုစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

သင်တန်းကာလမှာ ရက်သတ္တပတ်၁၂ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သံတမန်ရေးရာ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း၊ သံတမန် စာပေးစာယူဆက်သွယ်မှု၊ စေ့စပ်ပြောဆိုမှု နည်းလမ်းများ စသည့် ဘာသာရပ်များကို အထူးပြု သင်ကြားမည်ဟု သိရှိရသည်။

ကျော်ဝင်းသူ

0 မှတ်ချက်များ: