တပ်မတော်က စစ်ဆင်ရေး ရပ်ဆိုင်းထားသော်လည်း ဇန်န၀ါရီလ ၁၉ရက်နေ့ ၊ မနက်လေးနာရီကျော်တွင် ကေအိုင်အေမှ ဖားကန့် မြို့ ရှိ ကာမိုင်း ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
"သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့  ကြေညာချက်ထွက်ပြီးတော့ တပ်မတော်ဘက်ကနေ ထိုးစစ်ဆင် ရပ်ဆိုင်းပေးခဲ့ပေမယ့်၊ ကေအိုင်အေက ဖားကန့် က ကာမိုင်းရဲစခန်းကို ဒီနေ့  လေးနာရီကျော်ကနေစပြီး ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး အဆောက်အဦးတွေ မီးလောင်သွားတယ်လို့  သတင်းရရှိထားတယ်။ ဆက်လက် အတည်ပြုပြီး သတင်းစုံစမ်းဆဲပါ။ ဘယ်လို ဆက်လုပ်မလဲဆိုတာတော့ ကျွန်တော်တို့ လည်းမသိဘူး။ ဒါက အစိုးရနဲ့  တာဝန်ရှိသူတွေက ဆက်လက် ညွှန်ကြားသွားပါလိမ့်၊ ကျွန်တော်တို့ ရဲက အမိန်နဲ့  နာခံဖို့ နဲ့  တရားဥပဒေစိုးမိုးရေးကိုသာ ဆောင်ရွက်သွားရမှာပါ"ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ပါပြီ။ ကေအိုင်အေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအားလုံးမှာလည်း
သမ္မတကြီးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုယ် မိမိ ခုခံ
ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ
လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု
ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၁၉ရက်နေ့  မနက်မှာလည်း နိုင်ငံတကာသံတမန်များ၊
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအိုများတက်ရောက်တဲ့
နိုင်ငံတကာဖိုရမ်မှာလည်း သမ္မတကြီး က ငြိမ်းချမ်းရေးဆွေးနွေးဖို့ထပ်ပြီးကမ်းလှမ်းခဲ့ပါတယ်။ တပ်မတော်ဘက် က စစ်ရေးဆောင်ရွက်ချက်များရပ်ဆိုင်းသလို ကေအိုင်အေဘက်ကလည်း အလားတူတုန့်ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ facebookစာမျက်နှာတွင် ရေးသားခဲ့သည်။
ကေအိုင်အေမှ ဇန်န၀ါရီလ ၁၉ရက်နေ့  မနက်လေးနာရီကျော်မှစတင်ပြီး ကိုးနာရီခွဲအထိ ဖားကန့် မြို့ ရှိ ကာမိုင်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင် ၂ဦးသေဆုံးပြီး အဆောက်အဦးများ မီးလောင်ခဲ့ကြောင်းသိရသည်။
မိုးစက် ၊ ကေ၊ ကျော်ဝင်းသူ၊
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်