အမေရိကန်ရေတပ်မှ ထိုင်းရေတပ်သို့ Oliver Hazard
Perry (OHP) Class ၊ ပဲ့ထိန်းဒုံးပျံတင် Frigate စစ်ရေယာဉ်နှစ်စီး USS
RENTZ(FFG-46) နှင့်USS VANDEGRIFT(FFG-48) အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင်
Grant အစီအစဉ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
OHP Frigate များသည် ၁၉၇၀ ခုနှစ်ခန့်တွင် ဒုတိယကမ္ဘာစစ်နှောင်းပိုင်း Destroyer များ၏ နေရာတွင် အစားထိုးရန် စတင်ပေါ်ပေါက်ခဲ့သည်။ကနဦးတွင် ကမ်းတက်စစ်ဆင်ရေး၊ထောက်ပံ့ပို့ဆောင်ရေး နှင့် အရပ်ဘက် ကုန်သွယ် ရေယာဉ်များ ရေငုပ်သင်္ဘောရန်ကာကွယ်ရေး အတွက် ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းတွင် ရေပြင်စစ်ဆင်ရေး တာဝန်တပ်ဖွဲ့နှင့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးတပ်ဖွဲ့တို့၏ အစိတ်အပိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။အမေရိကန်နိုင်ငံတွင် ၅၅ စီး တည်ဆောက်ခဲ့ပြီး U.S Navy တွင် ၅၁ စီး၊Australian Navy တွင် ၄ စီး အသုံးပြုခဲ့သည်။ထို့ပြင် နောက်ပိုင်း၌ Taiwan တွင် ၈ စီး၊Spainတွင် ၆ စီး၊Australia တွင် ၂ စီး ထပ်မံတည်ဆောက်၍ သက်ဆိုင်ရာ ရေတပ်များတွင် အသုံးပြုခဲ့ကြသည်။U.S Navy ၏ အချို့ OHP Frigate များကို Bahrain၊Egypt၊Poland၊ Pakistan၊ Turkey နိုင်ငံ ရေတပ်များသို့ ရောင်းချခြင်း( သို့မဟုတ်) လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
By : Myanmar NAVY

Myanmar Kyat Converter
1 မှတ်ချက်များ:
Hi, I want to subscribe for this weblog to take latest updates, so where can i do it please assist.
Here is my webpage: bat
မှတ်ချက်ပြုရန်