US Navy 5th Fleet မှ USS Jacksonville (SSN
699) Los Angeles Class Submarine သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့
ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်တွင် Persian Gulf ရေပြင်၌
ရေယာဉ်တစ်စီးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သို့ရာတွင် ရေယာဉ်မှာ ပျက်စီးချို့ယွင်းမှု တစ်စုံတစ်ရာမရှိပဲ မူလသတ်မှတ်ဦးတည်အတိုင်း ဆက်လက်ခုတ်မောင်းသွားသည်ဟု ဆိုသည်။USS Jacksonville ၏ Periscope နှစ်ခုအနက် တစ်ခုမှာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး Reactor ၊ Propulsion Plant Systems နှင့် ရေလုံမှုစနစ်များ ထိခိုက်မှုမရှိပဲ လုံခြုံစိတ်ချရသော အခြေအနေတွင် ရှိသည်ဟု သိရှိရသည်။
အခင်းဖြစ်ပွားရာ ရေပြင်တစ်ဝိုက်တွင် U.S. P-3 Orion လေယာဉ်တစ်စီးဖြင့် ရှာဖွေ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ရေယာဉ်တစ်စီးမျှ ချို့ယွင်းပျက်စီးခြင်း ၊ထိခိုက်ခြင်း၊နစ်မြှုပ်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
မိုးစက်

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်