ဇန္န၀ါ၇ီ ၁၄၇က် ၂၀၁၃ ယနေ့ မနက် ၇း၄၅ နရီခန့် တွင် တပ်မတော်မှ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ရှိ ကေအိုင်အိုတပ်များကို လက်နက်ကြီးများဖြင့် ဖြိုခွင်း တိုက်ခိုက်ခဲ့ကြောင်း တပ်တွင်း သတင်းများအရ သိရှိရသည်။
ဒေါ့ဖုန်းမြို့ နယ်ခွဲ ခမ်းကိုင်တောင်ရှိ အစိုးရအမြှောက်စခန်းမှ ပစ်ခတ်လိုက်သော ၁၂၀မမ လက်နက်ကြီးမှ ကျည်များသည် လိုင်ဇာမြို့ နယ်၊ ခကျန် ရပ်ကွက်ရှိ မြစ်ကြီးနား ဟိုတယ်အနီး နေအိမ်တစ်ခုတွင် လေးလုံး ကျရောက်ကာ သုံးလုံးပေါက်ကွဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး နေရာတွင် သေဆုံးကာ ကလေးနှစ်ဦး လိုင်ဇာဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ ကျန်ဒဏ်ရာရသူ ၄ဦးမှာ လိုင်ဇာဆေးရုံတွင် ဆက်လက် ကုသမှု ခံယူနေကြောင်း ဒေသခံသတင်းများအရ သိရသည်။
မိုးစက်

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်