ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒုတိယနေ့ အစီစဉ်တွင်
ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍
နိုင်ငံတော်သမ္မတ ၏ သဘောထားမှတ်ချက်အပေါ် ဦးမောင်တိုး(ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)၊ဗိုလ်မှုး ကျော်စိုးမင်း၊ ဗိုလ်မှုး အောင်နိုင်ဦး တို့က
ဆွေးနွေးခဲ့ပြီး ၊ပြင်ဆင်ရန် သို့ မဟုတ် မူလအတိုင်း ထားရန် အတည် ပြုရာတွင်
စက်ခလုတ်နှိပ် မဲခွဲခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောထားမှတ်
ချက်အတိုင်းသာ အတည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်မှာ
ပျက်ပြယ်သွားကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးမင်း၊ ဗိုလ်မှူးအောင်နိုင်ဦးတို့မှ ဆွေးနွေးရာ လွှတ်တော်နာယက ကမဲခွဲဆုံးဖြတ်ရာတွင် ထာက်ခံမဲ ၁၇၈နှင့်ကန့်ကွက်မဲ ၄၁၁ ဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။
မိုးစက်

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်