ရှာဖွေနေသည့် ဒုတိယကမ္ဘာစစ်အတွင်းက စပစ်တ်ဖိုင်းယားများ ရှာမတွေြ

ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်တပ်မှ မြန်မာနိုင်ငံအတွင်း မြုပ်နှံထားခဲ့သည့် စပစ်တ်ဖိုင်းယားတိုက်လေယာဉ်များကို ရှာမတွေ့ ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

စပစ်တ်ဖိုင်းယားတိုက်လေယာဉ်များ ရှာမတွေ့ ခဲ့ခြင်းကြောင့် ဆက်လက်ရှာဖွေမှုကို ရပ်ဆိုင်းထားလိုက်ကြောင်း တူးဖော်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ကုမ္မဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့  ပြန်လည်ရှာဖွေတူးဖော်ရာတွင် မည်သည့် တိုက်လေယာဉ်မှ မတွေ့ ရှိခဲ့ရသည့်အတွက် တူးဖော်ရေးတွင် ပါဝင်သည့် ရှေးဟောင်သုတေသနပညာရှင်များက အဆိုပါလေယာဉ်များကို မြုပ်နှံထားခြင်းမဟုတ်ကြောင်း လက်ခံပြောဆိုခဲ့သော်လည်း ဗြိတိန်မှ တူးဖော်ရေးစီမံကိန်းခေါင်းဆောင်က ရန်ကုန်လေဆိပ်တွင် တူးသည့်နေရာ လွှဲမှားနေတာဖြစ်နိုင်ကြောင်းနှင့် အခြားနေရာတွေမှာ မြုပ်နှံထားတာ ဖြစ်နိုင်ကြောင်း ယုံကြည်ပြောဆိုနေသည်။

ဟေမာန်

0 မှတ်ချက်များ: