၂၃-၁-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန်
ရန်ကုန်မှသံတွဲသို့ သိန်းနိုင်မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်အမှတ်
၉ခ/xxxx သည် တောင်ကုတ်မြို့နယ်၊ နေပူတောင်ကြော ၇ မိုင် ၄ ဖာလုံအရောက်
လမ်းကွေ့၌ ဘရိတ်ပေါက်ပြီး အမြင့်ပေ ၁၂၀ ခန့်ရှိ ချောက်ထဲသို့
ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်သည့်နေရာသို့
တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်
ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါသူ ကျား ၇ ဦး၊ မ ၆ ဦး၊ ကလေး ၁
ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး သံဃာ ၃ ပါး၊ ကျား ၂၆ ဦး၊ မ ၄ ဦး၊
စုစုပေါင်း ၃၃ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိကြပြီး
တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်နေရာရှိ
ခရီးသည် များ၏ ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ
လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
ရဲသူရကျော်
ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် (၁၄)ဦးသေဆုံး၊ (၃၃)ဦး ဒဏ်ရာရရှိ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်