နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး
(ဝေမာသိမ့်)
နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က လဂျားယန်ဒေသအား ဇန်န၀ါရီလ ၁၉ ရက်
နံနက် ၆ နာရီမှ စတင် ကာ စစ်ရပ်ဆိုင်းမည်ဟူသည့် အချက်ပါ
သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ထို့နောက် KIO/ KIA ဘက်မှလည်း ဇန်န၀ါရီလ
၁၉ ရက်နေ့တွင် လဂျားယန်ဒေသတွင် သာ စစ်ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ
ကချင်ပြည်နယ်အနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ လျှော့ချရန် သတင်း
ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇန်န၀ါရီလ ၁၉
ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO
အား တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ကမ်းလှမ်းသည့်စာကို ပေးပို့ခဲ့ ပြီး
ဇန်န၀ါရီလ ၂၀ ရက်တွင် KIO ဘက်မှ ၎င်းတို့နှင့် သီးခြားဆွေးနွေးမှုမလုပ်ဘဲ UNFC
(ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)နှင့်သာ ဆွေးနွေးသွားရန်
အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း
လဂျားယန်ဒေအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ်
မြောက်ပိုင်း KIA တပ်မဟာရှိသည့် ဒေသတွင်လည်းကောင်း တိုက်ပွဲများ
ပြင်းထန်လျက်ရှိနေကြောင်း အကျိုးတော်ဆောင်များ၏ အဆိုအရသိရသဖြင့်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဆောင်ရွက်မည့်
အနေအထားများ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေ၊
လက်ရှိတပ်မတော်၏သဘောထားများနှင်
မေး - ဇန်န၀ါရီလ ၂၀ ရက်က ထုတ်ပြန်တဲ့ KIO အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ်
ဘယ်လို သဘောထားမျိုှးရှိပါသလဲ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့
တိုက်ပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဖြ
ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေ
ကျွန်တော် တစ်ဦးတည်း
သဘောထားနဲ့ ပြောရရင်တော့ အခုအရေးအကြီးဆုံးအလုပ်က တိုက်ခိုက်မှုအရှိန်တွေကို
လျှော့ချပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရမယ့် အခြေအနေကောင်းကို
ဖော်ဆောင်ဖို့၊ ပဋိပက္ခကြားမှာ ဒုက္ခ ရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက်
စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေတွေ အဆင်ပြေအောင် ဆောင်ရွက်ဖို့က
အရေးအကြီးဆုံးလို့ ထင်ပါတယ်။
အဲဒါတွေကိုလုပ်နိုင်ဖို့က ပဋိပက္ခမှာ တိုက်ရိုက်ပါဝင် နေတဲ့ နှစ်ဖက်တွေ့တာက အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်
မေး - KIO ရဲ့ သတင်းထုတ်ပြန်ချက်အရ လက်ရှိမှာလဲ ကချင်ပြည်နယ်နဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့
သိရပါတယ်။ လဂျားယန်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေ တယ်ဆိုတဲ့ အပေါ်
ဘာများပြောလိုပါသလဲ။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အရေးအပေါ် ဘယ်လို မူဝါဒ
တွေ ချမှတ်သွားနေပါသလဲ။
ဖြေ - တပ်မတော်ဘက်က ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွေအပါ
ဒါပေမယ့် ဇန်န၀ါရီလ ၁၉ ရက်နေ့
မနက်မှာပဲ ကေအိုင်အေ တပ်ဖွဲ့များက ဖားကန့်မြို့နယ်က ကာမိုင်းရဲစခန်းကို
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လိ
လဂျားယန်ဒေသဘက်မှာလည်း တပ်မတော်စခန်းကို လာရောက်နှောင့်ယှက် ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေရပါတယ်။ ဒီလိုလာရောက်တိုက်ခိုက်တာမျိုး
မေး - နိုင်ငံတော်သမ္မတရဲ့
ညွှန်ကြားမှုတွေကို တပ်မတော်က လိုက်နာမှုမရှိဘူးလို့ ဝေဖန်ပြောဆို နေတာတွေလည်း
ရှိပါတယ်။ အဲဒါကရော မှန်ပါသလား။
ဖြေ - တပ်မတော်ဟာ
ကွပ်ကဲမှုအဆင့်ဆင့်နဲ့ စနစ်တကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိက
စမတိုက်ရဘူးဆိုရင် အဲဒီ့အတိုင်း အတိအကျလိုက်နာနေပါတယ်။
ဒီလိုလိုက်နာတဲ့အတွက်လည်း ပဋိပက္ခအစပိုင်းမှာ တပ်မတော်တပ်ဖွဲ့များကို
ကေအိုင်အေဘက်က အခွင့်ကောင်းယူ ချုံခိုတိုက်ခိုက်တာတွေ ရှိခဲ့ပြီး
ထိခိုက်မှုတွေတောင် ရှိခဲ့ပါတယ်။
အခုလည်း တပ်မတော်က သမ္မတကြီးနဲ့
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို
အတိအကျလိုက်နာနေပါတယ်။ ကေအိုင်အေဘက်ကတော့ တချို့ တိုက်ခိုက်မှုတွေနဲ့
ပတ်သတ်ပြီး ဗဟိုကမသိဘူး။ အောက်ခြေကလုပ်တာဖြစ်မယ်လို့ ပြောနေတော့ သူတို့
အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ကွပ်ကဲနိုင်ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။
မေး - မီဒီယာတွေမှာ KIO ဘက်က ကချင်အကျိုးတော်ဆောင်တွေဘက်
ပြန်လည်ဖြေကြားမှုတွေ ကိုမကြာမဏ တွေ့ရပါတယ်။ ကျွန်မတို့ကိုယ်တိုင်
ကချင်ကငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ
လွယ်လွယ်ကူကု ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊
တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုတွေ၊ ဆက်သွယ်မေးမြန်းဖို့
ခက်ခဲနေတာတွေရှိနေတဲ့အတွက် မီဒီယာတွေက မျှမျှတတ သတင်းဖော်ပြနိုင်ဖို့
တပ်မတော်ဘက်ကသော်လည်းကောင်း၊ အစိုးရအဖွဲ့ကသော်လည်းကောင်း၊
ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဘက်ကသော်လည်းကောင်း၊
ကချင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အခြေအနေတွေကို သိရှိနိုင်ဖို့
ဖြေကြားပေးစေလိုပါတယ်။ အခုလက်ရှိမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မ
ဖြေ - အခုပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ ကချင်ပြည်နယ်က အခြေအနေများနှင့်ပတ်သက်ပြီး သတင်းတွေ ပိုပြီးထုတ်ပြန်ပေးနေပြီဖြစ်ပါတ
မေး - ကချင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုသည်များ ရှိရင် ပြောကြားပေး စေလိုပါတယ်။
ဖြေ - ယနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KOI/ KIA လက်နက်ကိုင် ပဋိပက္ခသာ
ဖြစ်တဲ့အတွက် ဒီအခြေအနေကို အချို့နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ မီဒီယာမှာရှိတဲ့
ပုဂ္ဂိုလ်တွေက ကချင်စစ်ပွဲလို့သုံးနေတာ မသင့် တော်ဘူးလို့ထင်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကချင်တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ
မဟုတ်ပါဘူး။
ကချင်ပြည်နယ်အရေးဟာ လွတ်လပ်ရေးမရမီ
ကချင်ပြည်နယ် နယ်နမိတ်ကို ဘယ်လို သတ်မှတ်မလဲ ဆိုတာကစပြီး အခုအချိန်အထိ
ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသားလူမျိုးစုများအရေး
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
(ဝေမာသိမ့်)
၂၄-၁-၂၀၁၃ ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ တွေ့ဆုံ မေးမြန်း မှု ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်